သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-19
တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြိုနယ်မှာ စစ်တပ်က သိမ်းယူထားတဲ့မြေတွေနဲ့၊ မြိတ်-ထားဝယ် ရထားလမ်း စီမံကိန်းအတွက် ဆိုပြီး သိမ်းယူထားတဲ့လယ်တွေ ပြန်ပေးရေးအတွက် လယ်သမား ၅ဝ ကျော် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-19
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က သမီးလေးကျေးရွာကို စစ်တပ်ပိုင်မြေနဲ့ မလွတ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက အင်အားသုံးဖျက်ဆီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမီးလေးကျေးရွာမှာ ကျောင်းထိုင်ခဲ့တဲ့ သံဃာတော်တစ်ပါးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ဝင်တွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-02-19
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ" ကို အကြံပြုစာ ပေးပို့ထားပါတယ်။ ဒီအကြံပြုစာပါအချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သဘောထားကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2014-02-19
လာမယ့် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ နိုင်ငံသားမဟုတ်သူတွေရဲ့ လူမျိုးအမည်တွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2014-02-19
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မနေ့ညပိုင်းက ၈၈ မျိုးဆက်အဖွဲ့ ခေါင်းဆောင်တွေရဲ့ စာပေဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2014-02-18
စာရေးဆရာတချို့ ဒီနှစ်အတွင်း စာပေဟောပြောခွင့် ပိတ်ပင်တားဆီး ခံရတာနဲ့ ပတ်သက်ပြီး Pen Myanmar အဖွဲ့နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတွေက ကြေညာချက် အသီးသီး ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
2014-02-18
လာမယ့် မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ နိုင်ငံသား မဟုတ်သူတွေကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာ ထည့်သွင်းစဉ်းစားသွားမှာ မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
2014-02-18
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ အိမ်ခြေ ၄၀၀ နီးပါးလောက်ကို စစ်တပ်ပိုင်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး စစ်တပ် ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့တွေက ဖျက်ဆီးလိုက် တာကြောင့် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့နဲ့ သမီးကလေး ကျေးရွာ သားတချို့က ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။
2014-02-18
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ နေပြည်တော်မှာ ပြန်ကြားရေး ဝန်ကြီးဌာနအပါဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
2014-02-18
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖေါ်မှု ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ကို လေ့လာသုံးသပ် အကြံပြုဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ထံပေးပို့တဲ့ အကြံပြုစာထဲမှာ ထည့်သွင်းဖေါ်ပြထား ပါတယ်။
2014-02-18
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးနဲ့ ပတ်သက်ပြီး စည်းရုံးပြောဆိုရာ မှာ မှန်ကန်တဲ့ စည်းရုံးရေးသာဖြစ်ဖို့နဲ့ ရန်လိုတဲ့အပြု အမူတွေ ရှောင်ကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-02-18
မကွေးတိုင်း၊ သစ်ရာကောက်ကျေးရွာမှာ ဒေသခံတွေကို ခြိမ်းခြောက်တဲ့စကားတွေ ပြောဆိုခဲ့တဲ့ ဝန်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြဖို့အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့က သစ်ရာကောက်ကျေးရွာ ဒေသခံတွေက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တင်ပြရာမှာ ပယ်ချခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သစ်ရာကောက် ရွာသားတွေက မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက သစ်ရာကောက်ကျေးရွာကနေ သတင်းပေးပို့ ထားပါတယ်။
2014-02-18
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Quintana ဟာ မနေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာပြီးနောက် KIO ဌာနချုပ် ရှိရာ လိုင်ဇာဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-02-18
၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝတ်ရွာ ဇရားနယ် ဘုရားကွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-02-18
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာမယ့် သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Open Myanmar Initiative (ခေါ်) "ပွင့်လင်းမြန်မာ့ရှေ့ဆောင်" အဖွဲ့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန် လှိုင်မြို့နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။