သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-19
ဇွန်လအတွင်း ကူးစက်မြန် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2019-06-19
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းကို မနေ့ညက သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က လာရောက်ရှာဖွေခဲ့တဲ့အတွက် မနေဇာထွန်းက ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ အဖမ်းခံခဲ့ပါတယ်။
2019-06-19
တိုင်းပြည်အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့၊ ပါတီအပေါ် သစ္စာရှိဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့မှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
2019-06-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အတွက် မဟာဗန္ဓုလပန်းခြံမှာ လူ ၇၄ဝ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပုံဖော်ပြီး မွေးနေ့ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2019-06-19
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ရဲရင့်ဝင်း ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့အတွက် တရားလိုပြ သက်သေအဖြစ်ကနေ ပယ်ဖျက်သွားတယ်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောပါတယ်။
2019-06-19
ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်တဲ့ FPNCC အဖွ့ဲက UWSA "ဝ" ဌာနချုပ် ပန်ဆန်းမှာ တံခါးပိတ် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2019-06-19
ဇွန်လအတွင်း ရာသီတုပ်ကွေး H1N1 ရောဂါပိုး သံသယရှိသူ အယောက် ၂၀ ထဲမှာ ခုနှစ်ယောက်မှာ ရောဂါပိုး အမှန်တကယ်ရှိနေပြီး အဲဒီထဲက သုံးယောက် သေဆုံးကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီနေ့ အတည်ပြုပြောပါတယ်။
2019-06-19
နိုင်ငံတော်နဲ့ ပြည်သူအပေါ် တာဝန်ကျေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သူ့ရဲ့ အသက် ၇၄ နှစ်မြောက်မွေးနေ့မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
2019-06-19
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေ စုပေါင်းပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
2019-06-19
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေဟာ မနေ့ည ၈ နာရီလောက်က သူ့ရဲ့နေအိမ်ပေါ်မှာ မိသားစုနဲ့အတူ တီဗီထိုင်ကြည့်နေစဉ် သေနတ်နဲ့လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါတယ်။
2019-06-19
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းဟာ ဒီနေ့မနက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ သွားရောက်အဖမ်းခံပါတယ်။
2019-06-18
မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တာဝန်ပေးချက်အရ ဆောင်ရွက်တဲ့ လေ့လာချက်မှာ မြန်မာနိုင်ငံအရေး ဆောင်ရွက်တဲ့ ကုလသမဂ္ဂအရာရှိတွေဟာ မအောင်မြင်ဖြစ်ရတယ်လို့ သုံးသပ်ထားပါတယ်။
2019-06-18
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်နဲ့တွဲဖက်ပြီးအကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒေသခံတွေဟာ သူတို့ဒေသ ဖွံ့ဖြိုးလာမယ်ဆိုတာထက် မူလလုပ်ကိုင်စားသောက်နေကြတဲ့ မြေယာတွေ ရေလုပ်ငန်းလုပ်ကိုင်ခွင့်တွေ ဆုံးရှုံးမှာကို တနေ့တခြားစိုးရိမ်မှုတွေ ကြီးမားလာနေပါတယ်။
2019-06-18
ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂရဲ့ မအောင်မြင်တဲ့ဆောင်ရွက်ပုံစနစ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ Human Rights Watch နိုင်ငံတကာလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2019-06-18
တရားမဝင် အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကက ဆုံးဖြတ်ထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ရဲ့ ညီလာခံကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သတ်ပုံက ငွေကျပ် သိန်း ၃ဝဝ လာရောက် လှူဒါန်းခဲ့ပါတယ်။