သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-22
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တို့ကနေ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃ ဦးကို ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကန့်ကွက်တဲ့အမှုတွေကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စစ်ဆေးမှု မလုပ်တော့ဘဲ ပယ်ချလိုက်ပါတယ်။
2017-07-22
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာ တင်သွင်း သူ မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘုယျ စွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-07-22
မတရားအသင်းအက်ဥပဒေကို ဥပဒေရေး ရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်ရေး ကော်မရှင်က ပြန်လည်သုံးသပ်ဖို့ စီစဉ်နေတယ် လို့ ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောပါတယ်။
2017-07-22
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခု မှာ ရေဘေးကြောင့် ပြောင်းရွှေ့နေရသူ ၉ သောင်းကျော်ရှိနေပြီလို့ သိရပါတယ်။
2017-07-22
ကချင်ပြည်နယ် မိုးမောက်မြို့ မြို့မဈေးရှေ့ မှာ ဒီကနေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲ မှု ဖြစ်ပွားခဲ့တာကြောင့် လဝါးယန် ပြည်သူ့ စစ်အဖွဲ့က ဗိုလ်မှူးနော်ဆန်းဆိုသူ သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
2017-07-22
ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ် စားလှယ် ယန်ဟီးလီရဲ့ပြောကြားချက်တွေကို ဦးခင်မောင်စိုး ကကောက်နှုတ်တင်ပြထားပါတယ်။
2017-07-22
ပြည်ထောင်စုအဆင့် သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာနက မဘသ ဆိုင်းဘုတ်တွေဖြုတ် သိမ်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ဖို့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေထံ ညွှန်ကြားထား တာကြောင့် ဘားအံမြို့၊ သရက် တောကျောင်းတိုက် မှာ အသစ်စိုက်ထူထားတဲ့ မဘသဆိုင်းဘုတ်ကို စိုက်ထူထားသူတွေဘက် က ဖြုတ်သိမ်းမယ့် အချိန် ကိုသာ စောင့်ကြည်နေတယ်လို့ မွန်တိုင်းရင်း သားရေးရာ ဝန်ကြီးဦးမင်းတင်ဝင်း ကပြောပါတယ်။
2017-07-22
ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်း အဝေး ကျင်းပခွင့် ပိတ်ပင်ခံရတာနဲ့ ပတ်သက် ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို အခုလမကုန်ခင်မှာ စာပေးပို့သွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
2017-07-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး- ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး လုပ်ကြံသူ ကြည်လင်းကို လိုက်လံဖမ်းဆီးခဲ့တဲ့ သက်သေတွေကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2017-07-22
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က မော်လမြိုင်ဘိလပ်မြေစက်ရုံမှာရှိတဲ့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရပ်တန့်ပေးဖို့ ထောင်နဲ့ချီ တဲ့ဒေသခံတွေ မော်လမြိုင်မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-07-21
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-07-21
အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားဦးရေ အဆမတန် များပြားနေပြီး၊ အများစုဟာ မူးယစ်ဆေးဝါး မှုနဲ့ အကျဉ်းကျ ခံနေရသူတွေ ဖြစ်တယ်လို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ဒီကနေ့ ပြုလုပ် တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2017-07-21
ကျည်ထောင်စုသစ္စာ သရော်စာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရေး သားသူ ဗြိတိသျှ ကိုကိုမောင်တို့ကို တပ်မတော်က သတင်းမီဒီယာပုဒ်မ ၂၅ (ခ) နဲ့ ထပ်မံတရားစွဲဆို လိုက်ပါတယ်။
2017-07-21
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန်ဟာ တိုတောင်းလွန်းပြီး ဒီထက် အချိန်ယူကာ မြန်မြန်စစ်ဆေးဖို့ လိုမယ်လို့ အငှားယဉ်မောင်း ဦးနေဝင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
2017-07-21
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မနေ့ညက ရွာခဲ့တဲ့မိုးကြောင့် ရပ်ကွက် ၄ ခုနဲ့ ကျေးရွာ နှစ်ရွာ ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ ၃၀၀၀ နီး ပါးကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းတွေမှာ ဒီနေ့ ပြောင်းရွေ့ပေးထားတယ်လို့ ကျိုက်ထို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။