သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-18
ဧရာဝတီမြစ်ဆုံဟာ မြန်မာပြည်သူတွေအတွက် အသက်ရှင်ရပ်တည်ရေးဖြစ်သလို၊ တရုတ်အစိုးရအတွက် တော့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ အရေးပါလှတဲ့နေရာ ဖြစ်နေပါတယ်။ ရေကာတာကြီးဖြစ်မလာဖို့ မြန်မာပြည်သူတွေက တရားအစွဲခံ၊ ထောင်ကျခံပြီး ကျားကုတ်ကျားခဲ ဆန့်ကျင်နေသလို၊ တရုတ်အစိုးရကလည်း နည်းမျိုးစုံ ဖိအားပေးနေတာ တွေ့ရပါတယ်။
2020-09-18
မြန်မာနိုင်ငံထဲမှာရောင်းချနေတဲ့ တရုတ်နိုင်ငံလုပ် မုန့်ပဲသွားရည်စာတချို့မှာ မစားသင့်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် မရောင်းချဖို့ မြန်မာအာဏာပိုင်တွေက တားမြစ်ထားပါတယ်။
2020-09-18
မြေဧက သုံးသိန်းကျော်မှာ အကောင်အထည်ဖော်မယ့် ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသ သတ္တုစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။ ကန့်ကွက်နေတဲ့ကြားက စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံတွေနဲ့ ကုမ္ပဏီကြား မမျှော်လင့်တာတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။
2020-09-18
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုများပြားလာတဲ့ သြဂုတ်လလယ်ပိုင်းက စတင်ပြီး လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက် အလှုရှင်တွေ သိသိသာသာ နည်းပါးသွားသလို အစိုးရထောက်ပံ့မှုကလည်း အကန့်အသတ်နဲ့သာ ရှိနေပါတယ်။
2020-09-18
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံ ကိုယ်စား လှယ်လောင်း အများဆုံးပါတီ သုံးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP တို့ ဖြစ်ပါတယ်။
2020-09-18
လွတ်လပ်ရေးရပြီးခဲ့ကတည်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးမညီမျှ မှုတွေကြောင့် ပြည်တွင်းစစ်နဲ့ အတူ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာ ယနေ့ချိန် အထိပဲဖြစ်ပါတယ်။ တချိန်ထဲမှာလည်း လက်နက်ကိုင်ဖွဲ့အသီးသီးမှာ စစ်သင်တန်းတွေ လည်း ရှိလာကြပါတယ်။
2020-09-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း မှာတင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းနီးပါး ရှိလာနေပါပြီ။ ကိုရိုနာကပ်ဘေး ကာလအတွင်း ဒီလူတွေဟာ ဘုန်းကြီးကျောင်းနဲ့ ဘုရားကသိမ်တွေမှာ အစုလိုက် ဖြစ်သလို ခိုလှုံနေရတာကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2020-09-18
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှာ မွန်ညီညွတ်ရေးပါတီကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီဟာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ကျေးလက်ဒေသအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ စီမံကိန်း အစရှိတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းလိုကြောင်း ပြောပါတယ်။
2020-09-18
ကချင်ပြည်နယ် မေခမြစ် အရှေ့ဘက်မှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA စခန်းနှစ်ခုကို ဖယ်ရှားပေးဖို့ တပ်မတော်က တောင်းဆိုထားပါတယ်။
2020-09-18
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေ အတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-09-18
ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ USDP ပါတီကနေ ရွေးကောက်ပွဲ အောင်နိုင်ထားတဲ့ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်မှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမယ့်အတွက် စိန်ခေါ်မှုကြီးမားပေမယ့် ဒီတစ်ကြိမ်မှာ NLD ပါတီ အောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း NLD ပါတီရဲ့ ဘောလခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦး ကပြောပါတယ်။
2020-09-18
နေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦးထပ်တိုးလာပြီး ပိုးတွေ့သူ စုစုပေါင်း ၆၅ ဦးရှိတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။
2020-09-18
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားပါတယ်။
2020-09-17
ကမ္ဘာအနှံ့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံစားနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့အားလုံး အတူတကွရှိကြောင်း ကြေညာချက်တစောင်ကို စက်တင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2020-09-17
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ နောက်ထပ် အယောက်၂၀ ထပ်တိုးလာ ပါတယ်။