သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-22
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ၊ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ရမည်းသင်းမြို့နယ်၊ မြို့လှတိုက်နယ်ကျေးရွာမှာ အောက်တိုဘာလ ၂၁ ရက်နေ့၊ ဒီကနေ့ ညနေက မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။ ဦးခင်အောင်မြင့် ရဲ့ ဟောပြောချက်တချို့ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က ကောက်နှုတ်တင်ပြထားပါတယ်။
2015-10-22
အမျိုးသားဒီမိုကရေစီ အင်အားစု NDF ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မော်ရီနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မေသူသူအောင်တို့ဟာ ဗိုလ်တထောင်မြို့နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-10-22
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေဟာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာ တလမ်းဝင်တလမ်းထွက် မဲဆွယ်စည်းရုံး ခဲ့ကြပါတယ်။ အဲ့ဒီ မဲဆွယ်စည်းရုံးပွဲမှာ ပန်းရဲ့လမ်း ဂီတအဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။
2015-10-22
မကွေးတိုင်းအတွင်း နေရာမတည်တကျမရှိဘဲ ပြောင်းရွှေ့လုပ်ကိုင် စားသောက်နေရတဲ့ လက်ယက်ရေနံမှော်က အလုပ်သမားတွေ ဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ဆုံးရှံးမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူး က ပေးပို့ထားပါတယ်။
2015-10-22
ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းပိုစတာတစ်ခုကို မနေ့က မန္တလေးမြို့ ကျုံးဘေးမှာ ကပ်ထားတာတွေ့ရပြီး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားသွားမယ်လို့ သိရပါတယ်။
2015-10-22
ဧရာဝတီတိုင်း ဟသာၤတမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဧရာဝတီမြစ်ရေ ကြီးခဲ့စဉ်က တာတွေမကျိုးပေါက်ဖို့အတွက် မြစ်ရေတွေကို မြို့ထဲက ပခန်းအုတ်ကျွတ် ရပ်ကွက်ထဲကို စက်နဲ့ မောင်းထည့်ခဲ့ပါတယ်။
2015-10-21
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ကြား အနာဂတ် ဆက်ဆံရေးဟာ လာမယ့်ရွေးကောက်ပွဲအပေါ် တည်မှီနေတယ်လို့ အမေရိ ကန်အစိုးရ ကပြောပါတယ်။
2015-10-21
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်ကို ခရီးထွက်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က တာချီလိတ်မြို့ လေဆိပ်မှာ ကချင်၊ အခါ၊ ရှမ်း၊ မြန်မာ စတဲ့လူမျိုးပေါင်းစုံ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
2015-10-21
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက် ပွဲ အောင်နိုင်ရေးဟောပြောပွဲကို မြို့နယ် အားကစားကွင်းမှာ ခွင့်ပြုခဲ့တဲ့ ခန္တီးမြို့နယ် အားကစားဦးစီးမှူးနဲ့ ဒုတိယဦးစီးမှူး အပါအဝင် ၇ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနဲ့ တိုင်းဒေသကြီး အားကစားဦးစီးမှူး တို့က နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
2015-10-21
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ်ထဲ မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် မြောက် ပိုင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမယ်ဆိုရင် အဲဒီမြို့နယ်ထဲက မဲရုံတွေကို လုံခြုံရတဲ့နေရာတွေ ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားရမယ်လို့ ရှမ်းပြည် နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2015-10-21
ရှမ်းပြည်နယ်မြောက်ပိုင်းက SSPP/SSA တပ်တွေအခြေစိုက်တဲ့ မိုင်းရှုးမြို့နယ်ထဲက စခန်းတွေကို မြန်မာအစိုးရ တပ်တွေက ဒီနေ့မနက်မှာ လက်နက်ကြီးတွေ ပစ်ပြီးထိုးစစ်ဆင်နေလို့ SSPP/SSA တပ်တွေဘက်က တာဆမ်ပူးတပ် စခန်းကို ဆုတ်ခွာပေးလိုက်ပြီး၊ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
2015-10-21
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အများပြည်သူကို ပြောထားသလို ရွေးကောက်ပွဲအပြီး ရလဒ်ကို အသိအမှတ်ပြု သွားမယ်ဆိုတဲ့အတိုင်း အမေရိ ကန်အစိုးရအနေနဲ့ စောင့်ကြည့်လေ့လာသွားမယ်လို့ အမေရိ ကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောကြားလိုက်ပါတယ်။
2015-10-21
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၁၁ နာရီက ရှမ်းပြည်နယ် တာချီ လိတ်မြို့ကို ရောက်ရှိပြီး နေ့လည် ၃ နာရီ မှာ ဟောပြောပွဲကျင်းပပါတယ်။
2015-10-21
ရွေးကောက်ပွဲကော်မရှင်ထံ ခွင့်ပြုချက် မတင်ဘဲ မိမိတို့နိုင်စေချင်တဲ့ ပါတီအတွက် ရွေးကောက်ပွဲ အသိ ပညာပေးဟောပြောပွဲဆိုပြီး မဲဆွယ်စည်းရုံး တာတွေ မလုပ်သင့်ကြောင်း ရမည်းသင်းနဲ့ ပျော် ဘွယ်မဲဆန္ဒနယ်တွေကနေ အမျိုးသားလွှတ်တော်နေရာ အတွက် ယှဉ်ပြိုင်မယ့် လက်ရှိအမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
2015-10-21
မန္တလေးမြို့က နေရာ ၃ခု မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစု ဝင်တွေရဲ့ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းပိုစတာတွေ ချိတ်ဆွဲခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်လို့ NLD ပါတီ တိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။