သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-07
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကေအိုင်အေ တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားသူ အယောက် ၄၀ ထဲက ရှမ်းတိုင်းရင်းသား ၆ ယောက်ကို ပြန် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2017-10-07
ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက် ချက်တွေအပေါ် ထောက်ခံပွဲကို ဒီနေ့ညနေပိုင်းက မန္တလေးမြို့မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း မှာ ပြုလုပ်ခဲ့ပြီး လူဦးရေ သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။
2017-10-06
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ အရေးနှင့်ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ အထူးကြားနာပွဲ တရပ်ကို အောက်တိုဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ ပါတယ်။
2017-10-06
ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဟာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA အဖွဲ့တို့နဲ့ ဒီလထဲမှာ သွားရောက်တွေ့ဆုံဖို့ ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
2017-10-06
စက်တင်ဘာလ ၅ ရက်နေ့က ရွှေတိဂုံဘုရားရှေ့ဘက်မုခ်မှာ ငုံးဥပြုတ်သွားရောင်းခဲ့တဲ့ အသက် ၆၀ အရွယ် အစ္စလာမ်ဘာသာဝင် ဦးအောင်သန်း ဆိုသူကို ဘုန်းကြီးတချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဘုရားအနီးနားမှာ ဈေးရောင်းချခွင့်မရှိဘူးဆိုပြီး မောင်းထုတ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းတွေ တက်လာပါတယ်။
2017-10-06
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်လုပ်ဖို့ သွားကြတဲ့ မြန်မာအလုပ်သမား ၅၀၀ လောက်ဟာ အလုပ်မရှိတဲ့အတွက် အခက်ခဲကြုံနေကြရတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
2017-10-06
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုနဲ့ ကျွန်းစုမြိုနယ်တွေမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက် တိုဘာ ၃ ရက်နေ့အထိ ၄ ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၄၀၀ကျော်ကို ဖမ်းဆီးရမိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။
2017-10-06
မောင်တောမြို့ပေါ်က ရပ်ကွက်နှစ်ခုမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မောင်တောဒေသ ခံဖြစ်တဲ့ မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးအသင်းက ဦးမောင်ဝင်းသိန်း ကပြော ပါတယ်။
2017-10-06
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံရွာသားတွေနဲ့ ငှက်ပျောခြံ လုပ်သားတွေ အပါအဝင် အယောက် ၄၀ လောက်ကို ကေအိုင်အေတပ်ရင်း ၃ က တပ်သားသစ် အဖြစ်ခိုင်းစေဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရထားတယ်လို့ မြစ်ကြီးနား အခြေစိုက် PCG ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။
2017-10-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ တစ်ဘက်နိုင်ငံကို သွားရောက်ဖို့ နေရပ်စွန့်ခွာလာ ခဲ့ကြတဲ့ မွတ်ဆလင်ဦးရေဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက်နေ့အထိ ၉ ရက်အတွင်း လူပေါင်း ၁၇၀၀၀ ကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။
2017-10-06
မြန်မာ-ထိုင်း နှစ်နိုင်ငံ သဘောတူညီမှု MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားအရေအတွက် ၅၀၀ လောက်ဟာ အလုပ်မရှိဘဲ ဒုက္ခရောက်နေတယ်လို့ မြန်မာ အလုပ်သမားတွေကို အကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကနေ သိရပါတယ်။
2017-10-06
စက်တင်ဘာ ၅ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ အစ္စလာမ်ဘာသာဝင် တစ်ဦး ဈေး လာရောင်းတာကို ရဟန်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့က မောင်းထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက် အဓမ္မဝါဒီ ဆန့်ကျင်ရေး ကော်မတီဝင်တွေက ဗဟန်းမြို့နယ် ရဲစခန်းကို သွားရောက် တောင်းဆိုကြပါတယ်။
2017-10-06
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု NDAA အဖွဲ့တွေနဲ့ ဒီလထဲမှာ သွားရောက် တွေ့ဆုံ ဖို့ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
2017-10-06
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးဆစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပြဿနာဟာ တစ်နေ့တခြား ပိုမိုမြင့်မားလာနေပြီး တားဆီးနှိမ်နှင်းမှုတွေဟာ အောင်မြင်မှု မရှိပါဘူး။
2017-10-06
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လာမယ့်နိုဝင်ဘာလ နောက်ဆုံးအပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။