သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-20
လာမယ့်နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက် ပွဲမှာ ဒိုင်လူကြီးအနေနဲ့ ဆောင်ရွက်ကြမယ့် မဲရုံမှူးတွေနဲ့ မဲရုံတာဝန်ခံတွေကို လိုအပ်တဲ့သင်တန်းတွေ ပြည့်ပြည့်စုံစုံ ပို့ချပေးရေးကိစ္စဟာ အလွန်အရေးကြီးကြောင်း ရွေးကောက် ပွဲစောင့်ကြည့်မယ့် PACE အဖွဲ့က RFA ကို ပြောပါတယ်။
2015-10-20
ရွေးကောက်ပွဲ နီးကပ်လာနေတဲ့ ကာလမှာ ဘာသာရေး တင်းမာမှုတွေ၊ အကြမ်းဖက် ပဋိပက္ခတွေ မပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ အမေရိ ကန်ပြည်ထောင်စုက မြန်မာနိုင်ငံအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2015-10-20
ပြည်ခိုင်ဖြိုးပါတီဟာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားသွားမယ်လို့ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ ပြောပါတယ်။
2015-10-20
ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ ချင်းပြည်နယ် တီးတိန်မြို့က ဆက်ဆံရေး ရုံးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
2015-10-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေ အနေကြောင့် ရခိုင်ပြည်နယ် ခရီးစဉ်အပါ အဝင် ဦးတင်ဦး ဦးဆောင်သွားမယ့် ရွေးကောက် ပွဲအောင်နိုင်ရေး ဟောပြောပွဲ ခရီးစဉ်အားလုံးကို ဖျက်သိမ်း လိုက်ပါတယ်။
2015-10-20
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ ၅၄ ဦးထဲက တစ်ဝက်လောက် က ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး ကျန်တဲ့ တစ်ဝက်က ကြိုတင်မဲပေးဖို့ ငြင်းဆန်ထားပါတယ်။
2015-10-20
ပြည်တွင်းက ကြိုတင်မဲပေးမယ့်သူ တပ်မတော် သားတွေ၊ နာမကျန်းသူတွေ ၊ ရွေးကောက်ပွဲနေ့မှာ လာရောက်မဲမပေးနိုင်သူတွေဟာ လာမယ့် အောက် တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့ အထိ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲသွားရောက်ပေးနိုင်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။
2015-10-20
တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် က ဥရောပသမဂ္ဂ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့ ကို ခွင့်ပြုလိုက်ပါတယ်။
2015-10-20
သတင်းဌာနတွေ အနေနဲ့ ရွေးကောက်ပွဲ သတင်းတွေဖော်ပြရာမှာ ဘက်မလိုက်ဘဲ မီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသားကြဖို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။
2015-10-20
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် ကို RFA အဖွဲ့ သား ဦခင်မောင်စိုးက ၈၈ ဌာနချုပ်မှာ ဒီကနေ့ တွေ့ ဆုံမေးမြန်းထားပါတယ်။
2015-10-20
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်တဲ့ ဓါတ်ပုံတွေကို Face book လို လူမှုရေးကွန်ရက် စာမျက်နှာတွေမှာဖော်ပြတာကြောင့် အီလက်ထရောနစ်အက် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတွေနဲ့ အဖမ်းအဆီးတွေရှိနေတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဦးရဲထွဋ်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-20
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိပါသလဲ။ သံတွဲမြို့သား ဦးမျိုး (ဥပဒေ) ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-20
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ရေ ကြည်မြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် အောက်တိုဘာလ ၁၈ ရက်နေ့က မဲဆွယ် ဟောပြောပြီး၊ ပရိသတ်တွေရဲ့ မေးခွန်း တချို့ကိုလည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
2015-10-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ ၊ ကျိန္တလီနဲ့ ဂွမြို့တွေမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
2015-10-20
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ အပြိုင်အဆိုင် မဲဆွယ်ဟောပြောပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။