သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-17
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာထဲကို ဒီနေ့မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ ရွာထဲမှာရှိနေတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး အသက် ၈၇ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စတွေထိမှန်ပြီး ဒဏ်ရာရ သွားတယ်လို့ ကျေးရွာလူကြီးတွေက ပြောပါတယ်။
2020-09-17
NLD ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းနဲ့ ပတ်သက်ပြီး ပါတီဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင် ဘာပြောလဲ။
2020-09-17
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးလုပ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီ ယဉ်တန်းပေါ်က ပါတီဝင်တွေနဲ့ NLD ထောက်ခံသူတွေအကြား မနေ့က နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ရဲစခန်းမှာ အပြန်အလှန်အမှုဖွင့်ထားကြပါတယ်။
2020-09-17
တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိ ခဲ့ပြီးနောက် နယ်စပ်ဂိတ် လူအဝင်အထွက် စစ်ဆေးမှု တင်းကျပ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မယ့် အခြေအနေရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
2020-09-17
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ နှစ်ခုအတွင်း ပါတီကြီးတွေသာအနိုင်ရခဲ့တဲ့ ကရင်ပြည်နယ်မှာ ဒေသ ခံပါတီတွေက ညီညွတ်ရေး တည်ဆောက်ပြီး အနိုင်ရဖို့ ပြင်ဆင်နေပါတယ်။ ကရင်နိုင်ငံရေးပါတီလေးခု ပူးပေါင်းထားတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကို ကရင်ပြည်နယ် ဘားအံမြို့နယ်က ဒေသခံတွေ ဘယ်လိုမြင်ကြပါသလဲ။
2020-09-17
ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းမှာကူးစက်ခံရတဲ့ အတည်ပြုလူနာ နေ့စဉ်ရာနဲ့ချီပြီး တိုးလာနေသလို သေဆုံးသူတွေလည်း တိုးလာပါတယ်။ သေဆုံးသူတွေဟာ ရောဂါအခံရှိတဲ့လူနာတွေဖြစ်ပြီး သေဆုံးမှုအများဆုံးက အသက် ၆၀ အထက်တွေ ဖြစ်သလို အသက် ၆၀ အောက် သေဆုံးနှုန်းတွေလည်း တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2020-09-17
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ "၂၀၂၀ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားပါတီများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြထားပါတယ်။
2020-09-17
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို RFA ဝိုင်းတော်သား ကိုသီဟထွန်း က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-09-17
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် အမ်းမြို့၊ ပဲခူးတိုင်း ရေတာရှည်မြို့နဲ့တိုက်ကြီးမြို့၊ စစ်ကိုင်းတိုင်း ပုလဲမြို့နဲ့ ကလေးမြို့၊ ရန်ကုန်တိုင်း သာကေတမြို့က RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့ စာတွေနဲ့ ဆက်သွယ်ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-09-16
ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အခက်အခဲတွေနဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေပြီး မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးထိ ရှိလာနေပြီ ဖြစ်ပါတယ်။
2020-09-16
လက်ရှိကပ်ရောဂါကာလဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင် တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ဖို့ ရခိုင်အမျိုးသားပါတီ ANP က ဒီကနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2020-09-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထားတဲ့ တပ်မတော်သားသုံးဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။
2020-09-16
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မနေ့က လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်ခတ်ခံရလို့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ အရွယ် မွတ်စလင် ရိုဟင်ဂျာတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ကျောက်တော်မြို့မှာလည်း အရပ်သား နှစ်ဦး ဒီကနေ့ လက်နက်ကြီး ကျည်ထိမှန်ပြီး ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
2020-09-16
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ဖို့ နေအိမ်မှာပဲ နေထိုင်ရေး (Stay at Home) အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲမဲဆွယ်တာတွေ လုံးဝမလုပ်ဖို့ အချက်ပါ ကန့်သတ်ချက်တွေဟာ လက်ရှိအာဏာရပါတီ အပါအဝင် အင်အားကြီး ပါတီတွေနဲ့ ပြည်သူအများစု သိထားပြီးတဲ့ ပါတီတွေအတွက် အဟန့်အတား မရှိပေမယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေနဲ့ နိုင်ငံရေးပါတီအသစ်တွေအတွက် အခက်အခဲရှိနေပါတယ်။
2020-09-16
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံး ဖြစ်တဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က သူ့ရဲ့ထိန်းချုပ်မြေ ပန်းဆန်းမြို့က ရောင်တိမ်းကျေးရွာမှာ ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ် ထားကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။