သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-02
အနည်းဆုံးလုပ်ခလစာကို တိုင်းနဲ့ပြည်နယ်အလိုက် လုပ်ငန်းအမျိုးအစားအလိုက် မခွဲခြားဘဲ ကျပ်လေးထောင်ကနေ ၄၈ဝဝ ကြား သတ်မှတ်ဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကော်မတီတွေရဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့ပါတယ်။
2017-10-02
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ဆိုင်ခန်း ၁၄ ခု ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ကူညီထောက်ပံ့ငွေကျပ် သိန်း ၈၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က မနေ့က ပေးအပ်ခဲ့ပါတယ်။
2017-10-02
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုဆို တစ်နှစ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။
2017-10-02
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ မြန်မာဘက်က အဆိုပြုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2017-10-02
ကချင်ပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာတွေပေါ်မှာ လုပ်ပိုင်ခွင့်ရရှိထားပေမယ့် လုပ်ငန်းအကောင်အထည်မဖော်သူတွေအနေနဲ့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့ နောက်ဆုံး ထားပြီး လုပ်ပိုင်ခွင့်ပြုမိန့်ကဒ်မူရင်းတွေကို ပြန်လည်အပ်နှံကြဖို့ အစိုးရက ပထမအကြိမ် အကြောင်းကြားလိုက်ပါတယ်။
2017-10-02
အနည်းဆုံးလုပ်ခလစာကို တိုင်းနဲ့ပြည်နယ် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ကျပ် ၄ဝဝဝ ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ထားပါတယ်။
2017-10-02
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ အစွန်းရောက် အကြမ်းဖက်သမားတွေဘက်က အကြီးစားဖောက်ခွဲမှုတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ရရှိထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-10-02
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ၇ ဦး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းထွန်း က ပြောပါတယ်။
2017-10-02
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး မိသားစုဝင်တွေ သတ်ဖြတ်ခံ ရတာကြောင့် ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ရန်ကုန်မှာ ခေါ်ယူစောင့်ရှောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က အစိုးရထံတင်ပြသွားမယ်လို့ သိရပါတယ်။
2017-10-02
မြန်မာပြည်အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးတွေနဲ့ သံအရာရှိတွေ၊ ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂ ရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်တွေ ၅၀ လောက်ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို ရဟတ်ယာဉ် သုံးစီးနဲ့ ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
2017-10-02
သပွတ်အူထက်ရှုပ်တဲ့ မြန်မာနိုင်ငံက မြေယာ အမှုအခင်းတွေ မပြီးပြတ်နိုင်သေးဘဲ ဦးသိန်းစိန် လက်ထက်က စတင်တဲ့ အိမ်ယာစီမံကိန်းတွေကို စတင်အကောင်အထည်ဖော်နေတာတွေ ရှိပါတယ်။
2017-10-02
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံခဲ့ရတာ ၈ လရှိပြီ ဖြစ်ပေမယ့် နောက်ကွယ်က အဓိက ငွေပေးခိုင်းစေ ခဲ့သူလို့ ရဲတပ်ဖွဲ့က ကြေညာထားတဲ့ ဒုဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်ကိုတော့ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
2017-10-02
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ အဆိုပြုနှုန်းထား တင်တဲ့ အခါ တစ်ရက်လုပ်ခ ကျပ် ၅ ထောင်ထက် မလျော့ နည်းသင့်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ကော်မတီကို အကြံပြုတယ်လို့ ကော်မတီအဖွဲ့ဝင် ကိုရဲဝင်းထွန်း က ပြောပါတယ်။
2017-10-01
အီဂျစ်နိုင်ငံ မြန်မာသံရုံးမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Hassm ခေါ် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။
2017-10-01
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လမ်းကြောင်းအတိုင်း ဆက်သွားနေမယ် ဆိုရင် ရှေ့ဆက်မတိုးနိုင်ပဲ ဖြစ်နေမယ်လို့ စက်တင်ဘာလ ၃၀ ရက်နေ့က ပြီးဆုံးသွားတဲ့ အစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်အများစုက အကဲဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။