သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-16
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ်သက်တမ်းအတွင်းမှာ သမ္မတ အဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့အတွက် ရွေးကောက်ပွဲ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက်ပါတယ်။
2015-10-16
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-10-16
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲမှာ လူငယ်တွေ လေ့လာခွင့်မရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်တယ်လို့ "ငြိမ်းချမ်းရေးဖြစ်စဉ် လူငယ်များပါဝင်မှုအခန်းကဏ္ဍ လုပ်ငန်းကော်မတီ" က မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-10-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးနဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ဟာ ရွေးကောက်ပွဲ အသိပညာပေးနဲ့ မဲဆွယ်စည်းရုံးရေး အတွက် တောင်ကြီးမြို့မှာ မနေ့က ဟောပြောခဲ့ပါတယ်။
2015-10-16
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ကရင်လူမျိုးတွေအနေနဲ့ မဲပေးတဲ့အခါ အမှားအယွင်းမရှိရအောင် ကရင်ပြည်သူ့ ပါတီ ကိုယ်စားလှယ်လောင်းတွေက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်မှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။
2015-10-16
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ်-၁ မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်ဟာ မုဒုံမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-16
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံး မှာ ကြိုတင်မဲပေးဖို့ လေယာဉ် လက်မှတ်ဝယ်ပြီးကာမှ ကြို တင်ဆန္ဒမဲလက်မှတ်မပါတဲ့အတွက် လာရောက်မဲပေးနိုင်မှာ မဟုတ်တဲ့အကြောင်း သံရုံးက အကြောင်းကြားတဲ့ အတွက် လေယာဉ်လက်မှတ်ဖိုးဆုံးရှူံးရတယ်လို့ မြန် မာကျောင်းသား တစ်ယောက်က ပြောပါတယ်။
2015-10-15
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို စောင့်ထိန်းသူဖြစ်ကြောင်းပြောပြီး မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-10-15
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကိုင်း တိုင်းဒေသကြီးနဲ့ ကယားပြည်နယ် မှာ ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
2015-10-15
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းဟာ ငြိမ်းချမ်းရေး တည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ခြေ လှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
2015-10-15
သာယာဝတီအကျဉ်းထောင်အတွင်း တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်တာကြောင့်ဆိုပြီး တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို သာယာဝတီမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
2015-10-15
စင်္ကာပူနိုင်ငံက မြန်မာသံရုံးမှာ မနေ့က ကြိုတင်မဲ လာရောက်ပေးသူတွေ များပြား တဲ့အတွက် မဲပေးချိန် တိုးမြှင့်ခဲ့ရပြီး၊ မဲရုံတွေလည်း ထပ်တိုးခဲ့ ရပါတယ်။
2015-10-15
အပစ်ရပ်လက်မှတ်ရေးထိုးတာထက် အားလုံး လက်ခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုပေါ်ပေါက်ရေးဟာ ပိုပြီးအရေးကြီးတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်ပါတယ်။
2015-10-15
နေပြည်တော်ကောင်စီနယ်မြေမှာ နေထိုင် ကြတဲ့ အစိုးရဝန်ထမ်း မိသားစုတွေနေအိမ် ကို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွေ မဲမဆွယ် ရဘူးဆိုပြီး နေပြည်တော် ကောင်စီအုပ်ချုပ်ရေးပိုင်းက ကန့်သတ်လိုက်ပါတယ်။
2015-10-15
ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကိုနီ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။