သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-16
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်မိုးရာသီ ထွန်ယက်မစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်ယာမြေဧက ငါးသောင်းနဲ့အထက်ရှိခဲ့ပြီး စိုက်ပျိုးထားတဲ့ စပါးတွေကိုလည်း စစ်ပွဲတွေကြောင့် အပြည့်အဝ မရိတ်သိမ်းနိုင်မှာကို တောင်သူတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။
2020-10-16
တရုတ်နိုင်ငံလုပ် ဆေးဝါးတွေက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် နေရာယူထားတာကြာပါပြီ။ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးကိုလည်း တရုတ်နိုင်ငံက ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။
2020-10-16
မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေထဲမှာ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ရှိနေပါတယ်။ မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ကြဖို့နဲ့ ကပ်ဘေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေကို ကူညီကြဖို့ တိုက်တွန်းကြပါတယ်။
2020-10-16
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မွန်ပြည်နယ်မှာ အပြိုင်အဆိုင် မဲဆွယ်နေကြတဲ့ နိုင်ငံရေးပါတီတွေထဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ MUP ကြား ပြိုင်ဆိုင်မှုကတော့ အပြင်းထန်ဆုံးဖြစ်ပါတယ်။
2020-10-16
ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-10-16
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်ပြန် ရိုဟင်ဂျာတွေဆီကနေ ပျံ့နှံ့တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးအဖြစ်မလုပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Dr. Stephan Paul Jost က RFA နဲ့ အောက်တိုဘာ ၁၄ ရက်နေ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
2020-10-16
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက အသက် ၅၇ နှစ်အရွယ် ဦးဘရွှေဟာ လက်နက်ကြီးအစထိမှန်လို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူရင်း မနေ့က ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။
2020-10-16
လူဦးရေ ၁၃၀ ကျော်လောက် ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ဒုက္ခသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကြားထဲမှာ ပထမဆုံး အတည်ပြုလူနာ ဖြစ်ပါတယ်။
2020-10-16
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ ရပ်ကွက် (၂) နဲ့ (၃) တို့မှာနေထိုင်တဲ့ သုံးခေါက်ချိုး မှတ်ပုံတင်လို့ ခေါ်ကြတဲ့ အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်သူတွေ၊ သူတို့ မျိုးဆက်တွေထဲက အသက် ၁၈ နှစ် ပြည့်ပြီးသူတွေဟာ သွေးနှောလို့ သတ်မှတ်ခံထားရကြောင့် မဲပေးခွင့် ဆုံးရှုံးမယ့်သူ တစ်ထောင်ကျော် ရှိတယ်လို့ ကာယံရှင်တွေက ပြောပါတယ်။
2020-10-16
တပ်မတော်အနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကနေ ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်ထားနိုင်ဖို့ လိုလားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2020-10-16
၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပါတီတွေကို တခဲနက်မဲပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။ အာဏာရပါတီကတော့ လူမျိုးရေးအရ စည်းရုံးတာ မသင့်တော်ဘူးလို့ ဆိုပါတယ်။
2020-10-16
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ လက်ထက်အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရသူအားလုံး ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
2020-10-16
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ တပ်မတော်သားတွေ မဲပေးဖို့ လျှောက်ထားတာ တစ်သောင်းနဲ့ ရှစ်ဆယ်ဦးရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
2020-10-16
ကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနေမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ်ထုတ်တာတွေ၊ ရန်လိုမှုပြသနေတာတွေကို ရပ်တန်းက ရပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-10-15
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းပွဲမှာ မနေ့က ထုတ်ပြန်ခဲ့ရာမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်မှုနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေနဲ့ ငြိစွန်းတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။