သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-09
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မုဒုံမဲဆန္ဒနယ် အမှတ် (၁) ကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2015-10-09
ကချင်ပြည်နယ် ဝိုင်းမော်မြို့ သာဂရရပ်ကွက်မှာ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုက်အိုက်ပေါင်းဟာ ဒေသခံ ရှမ်းတိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-09
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲကို မော်လမြိုင်မြို့က Strand Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
2015-10-09
နိုဝင်ဘာလ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ယောက်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ ဒီနေ့ မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
2015-10-09
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ပထမဆုံးအကြိမ် အများဆုံး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါ တယ်။
2015-10-08
ပြစ်ဒဏ်ကာလ ကျော်လွန်နေတဲ့အပြင်၊ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့လည်း လွတ်မလာဘဲ၊ အခုထိ သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေရတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ရဲ့အမှုကို ပြန်လည်စိစစ်ပေးဖို့ မိခင်ဖြစ် သူ ဒေါ်သန်းဌေးက သမ္မတဦးသိန်းစိန်ထံ အောက်တိုဘာလ ၇ ရက်နေ့က အသနားခံစာတင်လိုက်ပါတယ်။
2015-10-08
အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲက (SSPP/SSA) ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတပ်တွေကို ဆုတ်ခွာသွားဖို့နဲ့ မဆုတ်ခွာဘူးဆိုရင် ဝမ်ဟိုင်းဗဟိုဌာနချုပ်ကို တိုက်ခိုက် မှာဖြစ်ကြောင်း အစိုးရဘက်က သတိပေးညွန်ကြားလိုက် တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြော ပါတယ်။
2015-10-08
ရွေးကောက်ပွဲမတိုဖမ်းဆီးထားတဲ့ ကျောင်း သားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် ခြွင်းချက် မရှိ ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံအခြေစိုက် Amnesty International (AI) ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကြီးက မြန်မာအစိုးရကို ဒီနေ့ တောင်းဆို လိုက်ပါတယ်။
2015-10-08
မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူ့အနေနဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် အကြိတ် အနယ်ယှဉ်ပြိုင်ရမယ့် ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်လောင်း မရှိဘူးလို့ ခံယူထားကြောင်း ပြောပါတယ်။
2015-10-08
ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ၅နှစ်မှာ ဒီမိုကရေစီစနစ် ရှင်သန်ရင့်ကျက်ဖို့အတွက် ဆက် လက်ဆောင်ရွက်သွားမယ်လို့ အထွေထွေအတွင်းရေး မှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်း က ပြောပါတယ်။
2015-10-08
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် စာချုပ်ပါအချက်အလက်တွေကို နှစ်ဘက် လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်နိုင်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ သဘောတူ လိုက်ကြပါတယ်။
2015-10-08
အမေရိကန်နိုင်ငံမှာ မွတ်စလင်အဖွဲ့အစည်း ၁၉ ခုက မြန်မာအစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှုအတွက် နယူးယောက်တောင်ပိုင်း ခရိုင် တရားရုံးက သမ္မတဦးသိန်းစိန်ကို ဆင့်ခေါ်တဲ့ သမ္မာန် စာထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးရဲ့လုပ်ရပ်ဟာ အမေရိကန်အစိုးရမူဝါဒနဲ့ သက်ဆိုင်မှုမရှိကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။
2015-10-08
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေတွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဖိတ်ကြားသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
2015-10-08
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီး မောင်မောင်ဝင်းဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်း လေးမျက်နှာမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
2015-10-08
ရှမ်းပြည်နယ် ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူး ရဲတပ်ဖွဲ့တွေကို တာဝန်ပေးခန့်အပ်သွားမယ် လို့ အောက်တိုဘာလ ၇ရက်နေ့က တောင်ကြီးနဲ့ လားရှိုးမြို့တွေမှာ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွေ ကျင်းပပြီးရှင်းပြခဲ့ပါတယ်။