သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-20
အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အင်တောရွာက နေအိမ် ၁၁ လုံး၊ မင်းမောင်းကုံး ရွာက နေအိမ် ၃၀ နဲ့ မီးလောင်လို့ အသစ်ပြန်ဆောက်ထားတဲ့ တဲအိမ် ၄၀ တို့ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
2023-01-19
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာရှိပြီး နှစ်နိုင်ငံနယ်ခြားက မြစ်ကြမ်းပြင်ပေါ် မြန်မာဘက်က ဗုံးဆန်ကျရောက်တဲ့ကိစ္စ ဆွေးနွေးနေတယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။
2023-01-19
ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ လစ်သူနီးယားနိုင်ငံ အစိုးရတွေအနေနဲ့ လူတစ်ဦးချင်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေက သူတို့ ပိုင်နက်မြေကနေ မြန်မာစစ်ကောင်စီလက်နက်ထုတ်လုပ်နိုင်အောင် ပံ့ပိုးကူညီနေတာကို စုံစမ်းသင့်တယ်လို့ Justice for Myanmar က တိုက်တွန်းလိုက်ပါတယ်။
2023-01-19
မြန်မာနိုင်ငံတွင်းကို စစ်လက်နက်တွေမရောက်အောင် ပိတ်ပင်ဖို့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရက မဲပေးထောက်ခံထားပြီး ဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဌာန ပြောခွင့်ရှိသူက ပြောပါတယ်။
2023-01-19
ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်တချို့က မိုင်တဲ (Mytel) တာဝါတိုင်တွေ အပါအဝင် ရဲစခန်း၊ လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ ကေတီဗီ (KTV) တွေကို ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်ခြောက်ဦး အင်းစိန်ထောင်တွင်း တရားရုံးက မကြာသေးခင်က ထောင်တစ်သက် ချမှတ်ခံခဲ့ရပြီး နောက်ထပ် လွတ်မြောက်နယ်မြေတွေမှာ သင်တန်းတက်ခဲ့တဲ့ လူငယ်နှစ်ဦးလည်း ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံရပါတယ်။
2023-01-19
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တားမြစ်သတိပေးတဲ့အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ပြောပါတယ်။
2023-01-19
မန္တလေးတိုင်း ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင် အပါအဝင် လေးဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က သူတို့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ပြောပါတယ်။
2023-01-19
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ ပြန်ထွက်ခွာမှု၊ စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးမှု၊ မလုံခြုံမှုတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ နိုင်ငံအတွင်းက အလုပ်သမားတွေဟာ ရရာအလုပ်လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပါတယ်။
2023-01-19
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က မြန်မာ - အိန္ဒိယနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထန်တလန်မြို့နယ်က ဒေသခံ ၂၀၀ ကျော် အိန္ဒိယဘက်အခြမ်းကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
2023-01-19
ဇန်နဝါရီလ ၁၈ ရက်နေ့ကတိုက်ပွဲမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု ညနေပိုင်းအချိန် မီးရှို့ခံရပြီးနောက် မြန်မာဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒုက္ခသည်နှစ်ထောင်ကျော်ကို မောင်တောခရိုင်၊ တောင်ပြို လက်ဝဲမြို့ နယ်ခြားစောင့်တပ်တွေက လက်ခံကျွေးမွေးခဲ့ပေမယ့် ဒီနေ့မှာ ပြန်ပို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါ တယ်။
2023-01-19
ရှစ်ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာ ဇန်နဝါရီ ၁၉ ရက် ဒီနေ့စတင်ပြုလုပ်နေပြီး အစည်းအဝေးတက်ရောက်လာတဲ့ ထိုင်းစစ်ဦးစီးချုပ်ကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က RFA ကို ပြောပါတယ်။
2023-01-19
ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီခန့် မိုးဒါးလေးရွာ စေတီရပ်မှာ ရှင်ပြုအလှူပွဲလုပ်ပြီးချိန် ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးလာကြဲလို့ နေအိမ်မှာပုန်းနေသူတွေနဲ့ အလှူပွဲကပြန်လာသူတွေ သေဆုံး၊ ဒဏ်ရာရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-19
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၃ နာရီခွဲလောက်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းအနီးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီရဲ့ ရဲကင်းကို ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်ခိုက်ခဲ့ပြီးနောက် အနီးအနားမှာနေထိုင်တဲ့ ဒေသခံ ၃၀ ကို ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-19
ဘုရား၊ ပုထိုး၊ စေတီတွေ၊ ရှေးဟောင်း အနုသုခုမလက်ရာတွေနဲ့ နာမည်ကြီးတဲ့ ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာ မိရိုးဖလာလုပ်ကိုင်လာကြတဲ့ ပုန်းရည်ကြီးကလည်း နာမည်ကြီး စားစရာတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
2023-01-19
ပေါက်ကွဲမှုဖြစ်စဉ်က အဲဒီသင်္ဘောပေါ်မှာ သံဂဟေဆက်နေတဲ့ မြန်မာအလုပ်သမား ၃၀ နီးပါး ရှိတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မြန်မာအလုပ်သမားအရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ သူက ဆိုပါတယ်။