သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-22
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ် စာမျက်နှာမှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရသူ ဦးလှဖုန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ နှစ်မှု၊ နိုင်ငံတော်အလံပုဒ်မ ၁၆၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွဲချက်တင်လိုက်ပါတယ်။
2016-08-22
၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းတိုင်းရင်း သားတွေရဲ့ အသံတစုတစည်းတည်း တင်ပြနိုင်ဖို့အတွက် ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
2016-08-22
ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နှစ် နှစ်ဦးပိုင်း မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ပြောလိုက် ပါတယ်။
2016-08-21
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော် မတီနဲ့ DPN ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ သုံးရက် ကြာ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။
2016-08-21
မြန်မာနိုင်ငံမှာ သတင်းသမားတွေ လက်ရှိ သတင်း အချက်အလက်ရယူခွင့်မှာ စိန်ခေါ်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အလုပ်ရုံဆွေးနွေးပွဲတစ်ခု ရန်ကုန်မြို့က Summit Parkview ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-08-21
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့မြို့နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ ကျောက်မဲမြို့မှာ မိုးကြိုးပစ်ရာကနေ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
2016-08-21
မနေ့ညက မိုးများပြီး ရေကြီးတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့က နေအိမ်တွေရေနစ်မြုပ်ပြီး ဒေသခံ ခြောက်ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
2016-08-21
ငြိမ်းချမ်းရေးကို လက်တွေ့အကောင် အထည်ဖော်ဖို့အတွက် စစ်ပွဲတွေ အမြန် ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိက ထား ထည့်သွင်းဆွေးနွေးဖို့ မြန်မာနိုင်ငံ ကလေးသူငယ် များအတွက် ဘာသာပေါင်းစုံအဖွဲ့ကြီး MIC က ကြေညာချက် ထုတ်ပြန် တောင်း ဆိုလိုက်ပါတယ်။
2016-08-21
မကြာခင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာ ခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ပါဝင်ခွင့်မပြု ဘူးဆိုရင် အဲဒီညီလာခံကို တက်ရောက်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်မျိုးချစ်ပါတီ APP က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
2016-08-21
ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက မိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံကနေ ၅ မိုင် ၂ ဖာလုံ ကြားမှာရှိတဲ့ ကျူးကျော်နေ အိမ် ၄ထောင်လောက် ကို မကြာခင်မှာ ဖယ်ရှားမယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။
2016-08-21
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဟာ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်သွားမယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ပြောပါတယ်။
2016-08-21
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ် ပွားခဲ့တဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ၂၁ ရာစုပင်လုံ ညီလာခံဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။
2016-08-21
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ရက်လောက်က စပြီး မိုးကြီး ပြီး လေပြင်းတိုက်ခဲ့ တာကြောင့် လူနေအိမ်နဲ့ အဆောက် အအုံ ၁၅၀ ကျော် ပျက်စီးသွားပြီး လူ ၂ ဦးသေ ဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေ ရာချထားရေး ဦးစီးမှူးရုံး က ပြောပါတယ်။
2016-08-21
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုး ထွန်းကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြောက်ဦးမြို့မှာ ဒီနေ့ ဒေသခံ တစ်ထောင်ခန့်က ဆန္ဒပြတောင်းဆိုကြ ပါတယ်။
2016-08-21
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြ ရည်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့မှာ မိုးများပြီးရေ ကြီးတာကြောင့် လူဦးရေ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေ ထိုင်နေရပါတယ်။