သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-13
တနင်္သာတိုင်းဒေသကြီးအစိုးရကို ဆုံးမဖို့အတွက် လာတာလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
2019-02-13
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ခုတ်ကျေးရွာ တာဝန်ခံတစ်ဦး မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ လုပ်ကြံအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
2019-02-13
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစိုးရက ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင် ထုတ်ပေးထားသူ လူဦးရေ ၃၃၀၀ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လွှတ်တော်ထံပေးပို့ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။
2019-02-13
စစ်ပွဲကြား ပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ရေး လှုပ်ရှားမှု ဦးဆောင်ရင်း ဖမ်းဆီး ထောင်ချခံထားရသူတွေဖြစ်တဲ့ ကိုလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို WMR ကချင်အတိုင်ပင်ခံအဖွဲ့ နဲ့ World Kachin Congress တို့က Human Rights Award ဆု ဒီနေ့ ချီးမြင့်လိုက်ပါတယ်။
2019-02-13
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာကနေ ရွှေ့ဆိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါတယ်လို့ သံသယရှိတာကြောင့် လိုက်လျောဖို့ ခဲယဉ်းတယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ပြောပါတယ်။
2019-02-13
ကျောင်းလုံခြုံရေးနဲ့ ကျောင်းတွင်းသန့်ရှင်းရေး တိုးမြှင့်ပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့ မီးရှို့ဆန္ဒပြခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2019-02-13
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပါ ပြဌာန်းချက် အများစုကို ပြင်ဆင်ထားတယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ပြောလိုက်ပါတယ်။
2019-02-12
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်ခေါင်းဆောင်တွေ ဖေဖေါ်ဝါရီလ ၁၂ ရက် မနေ့ညနေပိုင်းမှာ သဘောတူညီမှုရရှိခဲ့ပါတယ်။
2019-02-12
မြန်မာနိုင်ငံနဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဦးဆောင်တည်ထောင်တဲ့ သူရဦးရွှေမန်းက ပြောဆိုထားပါတယ်။
2019-02-12
ကချင်ပြည်နယ်က တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတယ်လို့ ဖေဖော်ဝါရီလ ၇ရက်နေ့က ထုတ်ပြန်တဲ့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2019-02-12
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ကရင်နီလူငယ်တွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၃ဝ ကျော် ရန်ကုန်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2019-02-12
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားတာကို ပြန်ရုတ်သိမ်းပေးဖို့ ဆန္ဒပြပွဲ ဦးဆောင်သူ ၈ ဦးနဲ့ ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကြေးရုပ်ကိစ္စနဲ့ပတ်သက်လို့ တရားစွဲခံထားရသူ အားလုံးကို အမှုရုပ်သိမ်းဖို့ သဘောတူညီမှု ရခဲ့ပါတယ်။
2019-02-12
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူတွေထဲမှာ ကျောင်းသူကျောင်းသား ၈ ရာကျော် ပါဝင်ပြီး အဲဒီကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်နေကြပါတယ်။
2019-02-12
ကချင်ပြည်နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်မယ့် ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေဆောင်ရွက်ပြီးမှ လုပ်ဆောင်ဖို့နဲ့ တည်ဆဲဥပဒေတွေကို စနစ်တကျ လိုက်နာဖို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2019-02-12
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာနဲ့ ရေမိုင် ၅ မိုင်လောက်အကွာက လက်ဖက်ကျွန်း မီးပြတိုက်အနီးမှာ မနေ့က မနက်ပိုင်းက ဆင်ပြောင်သင်္ဘော နစ်မြုပ်ခဲ့ရာမှာ လူ ၈ ဦးရဲ့ အလောင်းကို ဒီနေ့ ရှာဖွေတွေ့ရှိထားတဲ့အတွက် သေဆုံးသူ ၁၀ ဦးအထိရှိနေပြီလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။