သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-17
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေအတွက် အကူအညီတွေ ပေး သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကတိပြုပြောကြားလိုက်ပါတယ်။
2015-04-17
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကလည်း ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်သစ် ကူးနေ့မှာ သက်ကြီးပူဇော်ပွဲတွေ ကောင်းမှု ကုသိုလ်ပြုပွဲတွေကို ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
2015-04-17
ပြည်သူတွေရဲ့ အားပေးထောက်ခံ မှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်တာဖြစ်တဲ့အတွက် ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ နှစ်သစ်ကူးဆုမွန်စကား ပြောကြားလိုက်ပါတယ်။
2015-04-17
အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေး ပုဒ်မတွေနဲ့ အမှု ရင်ဆိုင်နေရသူတွေ အားလုံးလွတ်မြောက်ရေးတို့ အတွက် နိုင်ငံရေးအကျဉ်း သားဟောင်းတွေက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ဒီနေ့ ငါးလွှတ်ပြီး ဆုတောင်းခဲ့ကြပါတယ်။
2015-04-17
လူရွှင်တော်ကိုမေတ္တာ ဦးဆောင်တဲ့ “သာဓုပါဗျာ” သံချပ်အဖွဲ့ဟာ ဧပြီလ ၁၅ ရက် သြင်္ကန်အကြတ်နေ့ ညပိုင်းက ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ရွှေစင် မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
2015-04-17
ရန်ကုန်မြို့က သာကီနွယ်သံချပ်အဖွဲ့ဟာ သြင်္ကန်အကြတ်နေ့ညက သင်္ဃန်းကျွန်းမြို့နယ် ရွှေစင်မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
2015-04-17
ရန်ကုန်မြို့က အခုနှစ်သြင်္ကန်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့က လူစည်ကားတဲ့ ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတွေမှာ လူနာတင်ယာဉ်တွေနဲ့ အချိန်ပြည့် စောင့်ကြည့်ပြီး ကူညီခဲ့ပါတယ်။
2015-04-17
၂ဝ၁၅ ခုနှစ်သြင်္ကန်ပွဲတော်အတွင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာ အထူး စည်ကားခဲ့တာကို တွေ့ရပါတယ်။
2015-04-17
သံချပ်တွေက ခေတ်ကိုမီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် သြင်္ကန်ပွဲတော်မတိုင်ခင်မှာ ကမ္ဘာ သိဖြစ်သွားတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆိုမှုနဲ့ သပိတ်အကြမ်းဖက်ဖြိုခွဲ ခံရတဲ့ကိစ္စ၊ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဆင်းရဲမွဲတေမှုကိစ္စတွေကို ရန်ကုန်မြို့မှာလှည့်လည်ဖျော်ဖြေခဲ့တဲ့ အပြာရဲ့ အနီအဖွဲ့က သံချပ်တွေနဲ့ ဟစ်ကြွေးတင်ပြခဲ့တာတွေ့ ရပါတယ်။
2015-04-17
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့မှာ RFA လွတ်လပ်တဲ့အာရှအသံ ဌာနမှူး ဒေါ်ငြိမ်းရွှေက သောတရှင်မြန်မာပြည် သူပြည်သားတွေ လိုရာဆန္ဒပြည့်ဝစေဖို့အတွက် RFA အဖွဲ့သားအားလုံးက အခုနှစ်မှာ ဆထက်တန်ဖိုးတိုး ပြီး ကြိုးစားကြမယ့်အကြောင်း အခုလို နှုတ်ခွန်းဆက် လိုက်ပါတယ်။
2015-04-17
ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်း သား တော်လှန်ရေးအဖွဲ့တွေနဲ့ အပစ် အခတ် ရပ်စဲနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အရေးကြီးဆုံး ကတော့ ဒီမိုကရေစီထူထောင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးဖြစ်ကြောင်း စသဖြင့် ဂျပန်အစိုးရ ခေါင်းဆောင်တွေကို ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
2015-04-17
မြန်မာအစိုးရက အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့အခြေစိုက် Podesta Group ဆိုတဲ့အဖွဲ့ကို သူတို့ကိုယ်စားနိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ နားချစည်းရုံးရေးလုပ်ပေးဖို့ အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ တစ်နှစ်စာ ငှားရမ်းစာချုပ်ချုပ်လိုက်တယ်လို့ The Hill သတင်းစာမှာမနေ့က ဖော်ပြလိုက်ပါတယ်။
2015-04-17
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ကျောင်းသားတွေ၊ လူမှုရေး အဖွဲ့တွေက ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ညနေ ၅ နာရီမှာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင် ဘုရားမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
2015-04-16
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့က အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2015-04-16
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် စက်မှု (၁) လမ်း ဆီဒိုးနားဟိုတယ်အနီးက လမ်းဘေးအသားကင်ဆိုင်မှာ ဒီနေ့ နေ့လယ်ပိုင်းက ဂက်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာကြောင့် ဆိုင်အနီးနားမှာရှိတဲ့ နိုင်ငံခြားသားအပါအဝင် လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။