သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-21
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း ရဲသေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အမှု ပြန်လည်စစ်ဆေးပေးဖို့ သမ္မတဦးဝင်းမြင့်ကို ဒေသခံတွေက တိုင်ကြားခဲ့ပြီးနောက် ဒေသခံ ၁ဝ ယောက်ကို မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2018-09-21
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို NLD အစိုးရအနေနဲ့ အရေးယူဖို့ လိုတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hunt က ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါတယ်။
2018-09-20
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
2018-09-20
ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး၊ ဒီပြဿနာ ဖြေရှင်းရေးဟာလည်း မြန်မာနိုင်ငံအတွင်းမှာပဲ ရှိနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မနေ့က ပြောလိုက်ပါတယ်။
2018-09-20
မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်ဘူးဆိုရင် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပုန်းအောင်းခိုလှုံခွင့်မပေးဘဲ အရေးယူဖို့ တာဝန်ယူရမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ပြောလိုက်ပါတယ်။
2018-09-20
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ရခိုင်လူငယ်တွေရဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို ပိုမိုကောင်းမွန်တဲ့ အစီအမံတွေနဲ့ တားဆီးကာကွယ်ဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2018-09-20
ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို ကုလသမဂ္ဂက အရေးယူပေးဖို့ အာဆီယံ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်တဲ့အပေါ် ပြည်တွင်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်ကို စုစည်းတင်ပြထားပါတယ်။
2018-09-20
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ မောင်တောမြို့နယ် မြောက်ပိုင်းကို ဒီကနေ့သွားရောက်ပြီး ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူ၊ မွတ်စလင် ဒေသခံတွေနဲ့ တွေ့ဆုံပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို မေးမြန်းခဲ့ပါတယ်။
2018-09-20
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာမှာ လယ်ထဲကပြန်လာတဲ့ ရွာသားတစ်ဦးဟာ ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက်ထိုးကြိတ်တဲ့အတွက် မြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံနေရတဲ့အပြင် ရဲတပ်ဖွဲ့က တရားစွဲဆိုတာကိုလည်း ခံနေရပါတယ်။
2018-09-20
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ မနေ့ညနေပိုင်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးကို သွားရောက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
2018-09-20
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ တိုင်းဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ ၁၉ ဦးအဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်း၊ ဝူဟန်နဲ့ ဘေဂျင်းမြို့တွေကို ငါးရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။
2018-09-20
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်လိုင်ဇာမြို့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ တွေ့ဆုံခဲ့ကြပါတယ်။
2018-09-20
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဒီနေ့မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပြီး နေလည်ပိုင်းမှာ နေပြည်တော်မှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-09-20
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ ကချင်ပြည်နယ်က KIA ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ သုံးရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။
2018-09-20
လက်ရှိအာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ အသုံးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့အပေါ် ကန့်ကွက်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။