သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-19
ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်းမှာ ငါးကြိမ်မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပါတယ်။
2024-02-19
အငှားကားမောင်းတဲ့သူတွေကို အကြမ်းဖက် လုတာယက်တာမျိုးတွေ ရှိတဲ့အတွက်ကြောင့် အမျိုးသားတွေတောင် စိုးရိမ်စိတ်နဲ့ သတိထား မောင်းနေကြရတဲ့အချိန်မှာ အမျိုးသမီးဖြစ်တဲ့ သူ့အတွက် ပိုပြီးစိုးရိမ်ရတယ်။
2024-02-18
အောင်မြေသာစံမြို့နယ် အမှတ် ၁၂ လမ်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးမှာ လူအများအပြားတိုးဝှေ့တန်းစီရင်း လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။
2024-02-18
အမေရိကန်အခြေစိုက် S&P Dow Jones Indices၊ MSCI နဲ့ ဗြိတိန်အခြေစိုက် FTSE Russell ကုမ္ပဏီတွေကို အရေးယူဖို့ တိုင်ကြားလိုက်တာပါ။
2024-02-18
လက်ရှိကာလမှာ တော်လှန်ရေးတပ်တွေဘက်က အင်အားကြီးလာနေပြီး စစ်ကောင်စီက အရှုံးနဲ့ရင်ဆိုင်နေရပြီလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
2024-02-18
CPJ က နောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှုအများဆုံး အဆင့် ၉ မှာ ရှိနေပါတယ်။
2024-02-18
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းပြီး တင်မော်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-18
ဘားအံမြို့နယ် ရေအေးကျေးရွာထဲကို ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၁၈ မှာ သတင်းထုတ်ပြန်ပါတယ်။
2024-02-18
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2024-02-18
ဘုတလင်မြို့နယ်က မြို့ပေါ်ရွာနဲ့ ဇီးတောရွာကို ဖေဖော်ဝါရီ ၁၈ ရက်မနက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး နေအိမ် ၂၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2024-02-18
ဆီဆိုင်မြို့နယ် ကျေးရွာတွေထဲ ဖေဖော်ဝါရီ ၁၇ ရက် ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2024-02-18
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ကျိတ်တောရွာက ကိုနိုင်မျိုးရွှေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်မှာ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-17
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်ရွာမကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျည် ခုနစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-17
မိခင်ဖြစ်သူ ဒေါ်အေးမြင့်သန်းနေထိုင်တဲ့ မဲဆောက်မြို့မှာ NLD ပါတီဝင်တွေ၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူတွေစုပေါင်းပြီး မနိုဘယ်အေးအတွက် သံဃာတော်တွေကို ရက်လည်ဆွမ်းကပ်လှူခဲ့တာဖြစ်ပါတယ်။
2024-02-17
ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်လို ပစ်ခတ်တာ၊ မီးရှို့တာတွေကြောင့် ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။