သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-19
မန္တလေးမြို့မှာ သပိတ်စခန်း ဖွင့်ခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ တောင်သူ ကိုယ်စားလှယ်တွေကို အောင်မြေသာစံ မြို့နယ်တရားရုံးမှာ အာမခံ ယူကြဖို့ ဒီကနေ့ဆင့်ခေါ်ရာမှာ ၉ ဦးက အာမ,ခံယူပြီး ၂ ဦးက အာမ,ခံ မယူတဲ့အပြင် တရားခွင်ကို သပိတ်မှောက်ခဲ့ပါတယ်။
2017-08-19
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် RFA က တင်ဆက်နေရာမှာ ဒီကနေ့မှာတော့… ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ က ခေါင်းဆောင်တွေ ဖမ်းဆီးခံရပုံအကြောင်း အဖွဲ့ဝင်တဦးဖြစ်သူ မမီးမီးရဲ့ ပြောကြား ချက်တွေကို ကိုရဲစည်သူကာက တင်ပြပေးမှာပါ။
2017-08-18
တက္ကသိုလ်ကျောင်းသားတွေကို အရေးယူ ထောင် ချနိုင်တဲ့ ကန့်သတ်ချက်တချို့ကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ထဲကနေ သက်ဆိုင်ရာက ထုတ်ပယ်လိုက် ပါတယ်။
2017-08-18
မြန်မာနိုင်ငံက ပြည်ပအလုပ်သမား ဝန်ဆောင်မှု အသင်းချုပ်ဟာ ပြီးခဲ့တဲ့ရက်က စင်္ကာပူမှာ ရှိတဲ့ မြန်မာအလုပ်သမား အေဂျင်စီအဖွဲ့တွေ နဲ့ တွေ့ဆုံပြီး စင်္ကာပူရောက် မြန်မာအလုပ် သမားတွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
2017-08-18
The Voice သတင်းစာအယ်တီတာချုပ် ဦးကျော်မင်းဆွေ အပေါ်မှာ စွဲဆိုထားတဲ့ အမှု ၂ မှုကို တပေါင်းတည်း စစ်ဆေးဖို့လျှောက်ထားချက်ကို ဗဟန်းတရားရုံးက ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်မှု့မရှိဘူးလို့ ဦးကျော်မင်းဆွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
2017-08-18
အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တဦးရဲ့ မေးခွန်းမှာပါတဲ့ အချက်အချို့ဟာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူးဆိုပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကန့်ကွက်လိုက်ပါတယ်။
2017-08-18
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာနဲ့ ပတ်သက်ပြီး အစိုးရက ပိုမိုကောင်းမွန်တဲ့ အစီအမံ ဆောင်ရွက်ပေးဖို့အဆိုကို ပြည်သူ့လွှတ်တော်က ဒီကနေ့ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2017-08-18
မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ဟာ ဒီကနေ့ မော်လမြိုင်မြို့ က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာဆုံခဲ့ပြီး ဒေသဖွဲ့ဖြိုးရေးတွေလုပ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2017-08-18
ဧရာဝတီမြစ်ရေကြီးတဲ့အတွက် ဗန်မော်ခရိုင်အတွင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ရေဘေးဒုက္ခသည်အရေအတွက်ဟာ ဒီကနေ့အထိ ၁၆၀၀ ကျော်ရှိပြီဖြစ်ပါတယ်။
2017-08-18
ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ဆွေးနွေးအတည်ပြုရာမှာ ပုဒ်မ ၆၆ ဃ နဲ့ တိုင်ကြားခံရသူကို အာမခံပေးဖို့၊ ပြစ်ဒဏ် ကို ထောက်ဒဏ် ၂ နှစ်အထိ လျှော့ချဖို့ စတဲ့အချက်တွေကို ပြင်ဆင်ပြီး အတည်ပြုလိုက်ပါတယ်။
2017-08-18
တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2017-08-18
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်တော့မှာ မဟုတ်တော့ဘဲ ပါဝင်ပတ်သက်ခဲ့တဲ့ ကျောင်သားမျိုးဆက်တွေ သာ ဦးဆောင်ပြီး ဆောင်ရွက်ဖို့ မနေ့က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာကျင်းပတဲ့ သမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲမှာ အစိုးရဘက်က သဘောထားပေး လိုက်ပါတယ်။
2017-08-18
မိသားစုအတွက် မျှော်လင့်ချက်ဟာ အမှန်တရားပေါ်ပေါက်ဖို့အတွက်သာဖြစ်တယ်လို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာ ယဉ်နွယ်ခိုင် က ပြောပါတယ်။
2017-08-18
မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းသမားသုံးဦး အပါအဝင် ၆ဦးရဲ့ ဒုတိယအကြိမ် အာမခံလျှောက်ထားမှုကို သီပေါတရားရုံးက ဒီကနေ့ ထပ်မံ ပယ်ချလိုက်ပါတယ်။
2017-08-18
မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး ဆွေးနွေးနေပါတယ်။