သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-10
ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနေ့က ညပိုင်းက ရွာထဲကအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2020-10-09
တပ်ပြေးနှစ်ဦးကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှိရာ The Hague မြို့သို့ ဘင်္ဂလားဒေ့ရှ်က တစ်ဆင့်ပို့ဆောင်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်၊ ငါးရက်မြောက်မှာ မြန်မာနိုင်ငံက မောင်တောနယ်စပ်ကို အင်အားအလုံး အရင်းတိုးချထားလိုက်ပါတယ်။
2020-10-09
မကွေးတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့နှုန်းများလာတဲ့အတွက် တခြားတိုင်းနဲ့ပြည်နယ်တွေက ပြန်လာတဲ့သူတွေ သီးခြားခွဲနေထိုင်ဖို့ ဆိုတဲ့ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုသလို၊ အဲဒီလူတွေကို စနစ်တကျကူညီဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
2020-10-09
ရှမ်းပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်းတွေတိုးပွားလာမယ်လို့ တောင်ကြီးမြို့ အမှတ်(၁) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်မယ့် SNLD ကိုယ်စားလှယ်လောင်း မနန်းယမင်းက ပြောပါတယ်။
2020-10-09
ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မီးမောင်းထိုး ရိုက်ကူး တင်ဆက်ထားတဲ့ Free Burma Rangers မှတ်တမ်းရုပ်ရှင်ဟာ - New York ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆု ရရှိထားပါတယ်။
2020-10-09
ကပ်ဘေးကြောင့် ကဏ္ဍအသီးသီးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုလည်း ဈေးကွက် ကမောက်ကမ ဖြစ်တဲ့အတွက် ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းသွားတယ်လို့ သိရပါတယ်။
2020-10-09
မြန်မာနိုင်ငံမှာ ခြင်အန္တရာယ်ကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်လို့ ခြင်ကြောင့်ဖြစ်ရတဲ့ ရောဂါတွေတင်မကပဲ ခြင်ဆေးခွေသုံးစွဲလို့ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကိုပါ မြန်မာပြည်သူတွေ ခံစားနေကြရပါတယ်။
2020-10-09
ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ နေထိုင်စားသောက်ရေးအတွက် စစ်တွေနဲ့ ရန်ကုန်က မွတ်စလင်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက လှူဒါန်းနေပါတယ်။
2020-10-09
ပြီးခဲ့တဲ့လတွေအတွင်း တရားမဝင် နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီး အရေးယူတယ်ဆိုတဲ့ သတင်းတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တို့က ထုတ်ပြန်ခြင်း မရှိဘဲ တပ်မတော်ကပဲ ပုံမှန်ထုတ်ပြန်ကြေညာနေတာ တွေ့ရပါတယ်။ ဒါဟာ တပ်မတော်က တရုတ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဆောင်ရွက်နေတာလား၊ တပ်မတော်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်ရဲ့လား လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
2020-10-09
၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ဟာ အစိုးရနဲ့ အာဏာရပါတီကို ဝေဖန်တဲ့အရေးအသားတွေကို ဖြုတ်ချနေသလို ပြိုင်ဘက် နိုင်ငံရေးပါတီတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တာတွေရှိတယ်လို့ နိုင်ငံရေးပါတီတချိုနဲ့ သတင်းမီဒီယာတချို့က ဝေဖန်ထောက်ပြနေပါတယ်။
2020-10-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး အပြင်ထွက်ခွင့် လက်မှတ်မပါဘဲ သွားလာနေသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာတွေကို အောက်တိုဘာလ ၇ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။
2020-10-09
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ ဒီနေ့နေ့လယ်က တောထဲကို ရခိုင်လို ဖျံဥလို့ ခေါ်တဲ့ ဝဥသွားတူးတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရ သွားပါတယ်။
2020-10-09
တပ်မတော်အလင်းဝင်ပါဆိုတဲ့ စာသားပါ စတေကာတွေကပ်ခဲ့တာနဲ့ ရခိုင်နဲ့ ချင်းမှာ တိုက်ပွဲတွေ ရပ်ဖို့၊ မြန်နှုန်းမြင့် အင်တာနက်ရဖို့ တောင်းဆိုခဲ့တဲ့ ဗကသအဖွဲ့ဝင် ကျောင်းသားသုံးဦးကို ချမ်းအေးသာစံ မြို့နယ်တရားရုံးက ဒီနေ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၂) နှစ် အသီးသီး ချမှတ်လိုက်ပါတယ်။
2020-10-09
ရွှေလီမြို့မှာ မဲပေးခွင့်မရတဲ့ မြန်မာအလုပ်သမား ၉၀၀ ကျော်၊ အောက်တိုဘာ ၈ ရက်နေ့က NLD ပါတီကို ထောက်ခံကြောင်း လှည့်လည်အင်အားပြခဲ့တဲ့အတွက် အလုပ်သမားစုစုပေါင်း ၉၀၄ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ နောက်တစ်နေ့ မနက် ၁ နာရီမှာ ဦးဆောင်သူ သုံးဦးကို ဆက်လက်ထိန်းသိမ်းထားပြီး ၉၀၁ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
2020-10-09
မွန်ပြည်နယ်၊ ရေးမြို့နယ်က စည်ပင်ပိုင်ဈေးတွေမှာ ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့ အသံချဲ့စက်တွေနဲ့ မဲဆွယ်ရေးသီချင်းတွေဖွင့်ပြီး ကခုန်တာတွေ လုပ်ဆောင်ခွင့် မရှိကြောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။