သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-09
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ (၂) ကိုယ်စားလှယ်နေရာ (၄)နေရာစလုံးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိနိုင်သွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော် ဖြစ်ပါတယ်။
2020-11-09
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများများနိုင်တယ်လို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2020-11-09
ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ ဦးနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၁ ဦးရဲ့စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီးစီးသွားပါပြီ။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲဆန္ဒနယ် ၅ နေရာလုံးမှာ မွန်ညီညွတ်ရေးပါတီ MUPက မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်
2020-11-09
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ရွေးကောက်ပွဲရလဒ်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က သုံးနေရာအနိုင်ရရှိပြီး မွန်ညီညွတ်ရေးပါတီ MUP က တစ်နေရာအနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြမ်းဖက်မှုတွေပိုများခဲ့ပြီး ၂၀၁၅ တုန်းကအခြေအနေနဲ့ ကွဲလွဲခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-11-09
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွက် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်နှစ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဧရာဝတီတိုင်းတာဝန်ခံတွေက သတင်းထုတ်ပြန်ပါတယ်။
2020-11-09
ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်လို့မရဘဲ လက်ခံရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2020-11-09
မန္တလေးတိုင်းအတွင်းမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်ကြားမှု သုံးခုရှိတယ်လို့ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။
2020-11-09
ရန်ကုန်တိုင်း၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နဲ့ ၂ တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့တယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ဒီနေ့ ညနေမှာ ကြေညာခဲ့ပါတယ်။
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ်မှာ မဲဆန္ဒနယ် ငါးနေရာလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိခဲ့တယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
2020-11-09
နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ တပ်ကြိုတင်မဲတွေထပ်ရောက်လို့ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အနိုင်ရသွားတာဆိုတဲ့ ဝေဖန်ချက်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်ပါတယ်။
2020-11-09
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နေရာ တစ်နေရာ ရှုံးနိမ့်ခဲ့ပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD က အနိုင်ရရှိသွားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။
2020-11-09
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ရခိုင်နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးသွားသူ အများအပြား ရှိနေပါတယ်။
2020-11-09
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက မဲအများဆုံး ရရှိသွားပါတယ်။