သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-15
ရခိုင်ပြည်နယ် မောင်တောမြို့မှာ သြင်္ကန်ရေပက်ခံထွက်တဲ့ မြို့ခံ လူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား မနေ့က ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-04-15
သြင်္ကန်အကြိုနေ့နဲ့ အကျနေ့ နှစ်ရက် အတွင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို လူနာ ၃၀၀ ကျော် ရောက်ရှိလာတယ်လို့ အရေးပေါ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2015-04-15
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် လာမယ့် ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ ၈ မြို့မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။
2015-04-15
နှစ်သစ်ဦးကျိန်စာကို အိမ်ရှေ့မှာရေးသားခဲ့ တာကြောင့် စစ်ဆေးမေးမြန်းခံခဲ့ရတဲ့ နိုင် ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေးဟာ သုဝဏ္ဏမြို့နယ် ရဲစခန်းက ပြန် လည်ခေါ်ယူစစ်ဆေးမှာကို လက်ခံကြောင်း လက်မှတ်ရေး ထိုးခဲ့ပြီးတဲ့ နောက် မနေ့ညက ပြန်လည်လွတ်မြောက်ခဲ့ ပါတယ်။
2015-04-15
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့မှာကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသားညီလာခံကို ကိုးကန့်၊ ရခိုင်နဲ့ တအာင်း လွတ်မြောက်ရေး တပ်မတော်တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားတယ်လို့ UWSA တာဝန်ရှိ သူတွေက ပြောပါတယ်။
2015-04-15
ရန်ကုန်သြင်္ကန်ပွဲတော်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ က ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ အမည်နဲ့ ရန်ကုန်မြို့တွင်းကို လှည့်လည်ပြီး သံချပ်တွေနဲ့ ဖျော်ဖြေကြ ပါတယ်
2015-04-15
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်တွေကို ဒီနေ့ စတင်ဖွင့်လှစ်ပါတယ်။
2015-04-15
အခုနှစ်အတွက် မန္တလေးသြင်္ကန်ရဲ့ ထူးခြားတဲ့အပြင်အဆင်တွေ၊ သြင်္ကန်ရေပက်ကစားပုံတွေကို RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2015-04-15
ရန်ကုန်မြို့မှာ သြင်္ကန်ရေကစားဖို့အတွက် တနှစ်ထက်တနှစ် ကုန်ကျစရိတ်တွေ ပိုများလာနေပါတယ်။
2015-04-15
ရှမ်းပြည်အရှေ့မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဗြိတိသျှကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော် “ဂုတ်ထိပ်” တံတား အကြောင်းကို ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
2015-04-15
ရခိုင်လူမျိုးတွေရဲ့ ရိုးရာသြင်္ကန်ဆင်နွှဲကြပုံအကြောင်း ရခိုင်ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးကော်မတီ က ဒေါ်အေးနုစိန်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-04-15
ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး “အကြမ်းဖက်မှု-အလိုမရှိ” ဆိုတဲ့စာသားပါတဲ့ ရင်ထိုးတွေ ဝေငှခဲ့ကြပါတယ်။
2015-04-15
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ ရဲ့ ကောင်စီမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းမြန်မာနယ်စပ်မှာ သုံးရက်ကြာ ကျင်းပခဲ့ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ် မူကြမ်းကိစ္စအပါအဝင် UWSA ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပန်ဆန်းဌာနချူပ်မှာကျင်းပမယ့် တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကိစ္စတွေ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။
2015-04-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မားဆားကျေးရွာ အနီးက စွန့်ပစ်မြေစာပုံမှာ ရေ မဆေး ကျောက်ရှာဖွေသူတစ်ဦး မြေတူးစက်နဲ့ တိုက်မိ ပြီး သေဆုံးခဲ့ပေမဲ့ အဲဒီ့မြေစာပုံကိုပိုင်တဲ့ကုမ္ပဏီက တာဝန်ယူဖြေရှင်းမပေးကြောင်း မြို့ခံတွေက ပြောပါတယ်။
2015-04-14
ရှမ်းပြည်နယ် တောင်ကြီးမြို့ အောင်မြေ ဘုံစံကျောင်းတိုက်မှာ နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့အတွက် စတုဒီသာကျွေးမွေးပြီး ဆုတောင်းခဲ့ကြပါတယ်။