သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-04
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုရက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိမှု ကျဆင်းသွားသလို ရန်ကုန်မြို့လမ်းမတွေမှာ လူတွေ အသွားအလာ ပြန်လည်ရှိလာနေပါတယ်။
2020-05-04
အမုန်းစကားတွေကို တားဆီးဖို့နဲ့ ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ဆောင်ရွက်ကြဖို့ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေအပါအဝင် တိုင်းနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေထံ ညွှန်ကြားထားပါတယ်။
2020-05-04
ပြည်ပကပြန်လာတဲ့သူတွေရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေပါ အလုပ်အကိုင်နဲ့စီးပွားရေး အခွင့်အလမ်း ရှမ်းပြည်နယ်မှာ ဘယ်လိုရှိမလဲ၊ တရုတ်ကလှူတဲ့ ကိုရိုနာဗိုင်းရပ်စ်စစ်တဲ့ ကရိယာတွေအသုံးတဲ့၊ မတဲ့ဆိုတာတွေ နားဆင်ရမှာဖြစ်ပါတယ်။
2020-05-03
မြန်မာနိုင်ငံမှာ ပိုးကူးခံရသူ လေးယောက်ထပ်တိုးပြီး၊ ရုရှားနိုင်ငံမှာ တစ်ရက်တည်း လူတစ်သောင်းခွဲ ကျော် ကူးစက်ခံရပါတယ်။ တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ “ ပြီး” တဲ့လူမရှိဘူးလို့ မိန့်ကြားလိုက်ပါတယ်။
2020-05-03
တရုတ်နယ်စပ်ကနေ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသကိုဖြတ်ပြီး မန္တလေးတိုင်းနဲ့ တခြားဒေသတွေကိုသွားမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာတဲ့ လမ်းတစ်လျှောက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာတွေ အရင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီလိုစိစစ်တာမှာ အိမ်စီးကားငယ်တွေ ခရီးသည်ကားငယ်တွေနဲ့ ဒေသအတွင်း ခရီးသွားလာသူတွေ မန္တလေးနဲ့ တခြားဒေသတွေကို သွားမယ့်သူတွေပါ လမ်းခရီးမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာတွေ ရှိပါတယ်။
2020-05-03
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားမှုမှာ ရုပ်သံ တိုက်ရိုက်လွှင့်ခဲ့တဲ့ သတင်းထောက် ကိုနန္ဒ ထောင်ဒဏ် ချမှတ်ခံထားရပြီး မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
2020-05-03
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ရှမ်းပြည်နယ်မှာ ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း ကြည့်ရှုနိုင်ပါပြီ။
2020-05-03
ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးရှိတဲ့မြို့ပါ။ မြို့နေသူအများစု မှီခို အားထားရတဲ့ YBS ယာဉ်လိုင်းတွေက တဆင့် ရောဂါပိုးကူးစက်နိုင်ဖို့ ရာခိုင်နှုန်းများတာ ကြောင့် ဘတ်စ်ကားတွေမှာ ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘယ်လို လုပ်ဆောင်နေကြပါသလဲ။
2020-05-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတဲ့အမှု ငါးရာကျော်ရှိပြီး တရားစွဲခံရသူ တစ်ထောင်ကျော်ရှိတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အသံရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2020-05-02
ထိုင်းနိုင်ငံကနေပြန်လာပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိတဲ့ လူနာအမှတ် (၁၄) ဟာ တစ်လကျော်ကြာ လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာမှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့တော့တဲ့အတွက် မေလ ၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ လားရှိုးဆေးရုံကနေ ကျောက်မဲ ဆေးရုံကို ပြန်လည် လွှဲပြောင်းလိုက်ပါတယ်။
2020-05-02
၂ဝ၂၀ မေ ၂ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ "ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အစိုးရရဲ့ အစီအမံတွေ ထိရောက်ရဲ့လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-05-02
ကရင်အမျိုးသားအစည်းအရုံး KNU က လုပ်ကိုင်နေတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ် တစ်ခုကို တပ်မတော်က ဖိအားပေးတာကြောင့် ဖျက်သိမ်းလိုက်ရတယ်လို့ သထုံခရိုင် KNU တာဝန်ရှိသူတွေက ပြောပါတယ်။
2020-05-01
တရုတ်နိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရုတ်ရဲတွေကဖမ်းဆီးပြီး နယ်စပ်ကနေ မြန်မာပြည်ပြန်ပို့နေပါတယ်။
2020-05-01
ချင်းပြည်နယ်က တောတောင်တွေမှာ မတ်လလယ်ကနေ ဧပြီလ လလယ်အတွင်း ပန်းမျိုးစုံ ဖူးပွင့်လေ့ရှိပါတယ်။ ချင်းတိုင်းရင်းသားတွေအတွက် ဒီအချိန်ဟာ ဆေးဘက်ဝင် ပျားကြီးကို ဖွပ်ယူကြတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
2020-05-01
ဈေးမီးလောင်မှုတွေက မြန်မာနိုင်ငံမှာ နှစ်တိုင်းလိုလို ဖြစ်နေတာပါ။ ပျက်စီးဆုံးရှုံးမှုတွေကလည်း တန်ဖိုးများပါတယ်။ တချို့ဈေးမီးလောင်မှုတွေမှာဆိုရင် ကျပ်သန်းပေါင်း သောင်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တာတွေလည်းရှိပါတယ်။