သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-01
အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ကူညီကြဖို့ တိုက်တွန်းထားပေမယ့် နည်းပညာနဲ့ ကျန်းမာရေးအထောက်အကူပစ္စည်းတွေ မလုံလောက်တာကြောင့် အခက်အခဲတွေရှိတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-05-01
တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ပြီး ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဂိတ်ကနေတဆင့် ပြန်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ သူတို့နေရပ်ပြန်ရောက်ရင် ကျန်းမာရေးစောင့်ကြည့်ကာလ အနေနဲ့နေကြဖို့ အစိုးရကစီစဉ်ပေးထားပါတယ်။
2020-05-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်စခန်း ဆောက်လုပ်နေတာကို တားဆီးသွားဖို့ အစိုးရကပြင်ဆင်နေတာကြောင့် ဒုက္ခသည်တွေအတွက် ယာယီတဲအိမ်တွေ ဆောက်လုပ်နေတာကို ရပ်ဆိုင်းထားရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကပြောပါတယ်။
2020-05-01
အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီလီရဲ့ အစီရင်ခံစာဟာ၊ အေအေ-ရက္ခိုင့်တပ်တော်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖော့ထားပြီး၊ တပ်မတော်ကိုသာ ပြစ်တင်စွပ်စွဲထားတယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုံ့ပြန် ပြောကြားလိုက်ပါတယ်။
2020-05-01
ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ တည်ရှိတဲ့နေရာမှာ ကျပ်ဘီလီယံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းခါးအဖွဲ့ ခေါင်းဆောင်တချို့ ဆက်လက်ထိန်းသိမ်းစစ်ဆေးခံနေရပြီး တချို့ပြန်လည်လွတ်မြောက်လာတယ်လို့ ကောင်းခါးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
2020-05-01
ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား နှစ်သောင်း ကျော်ကို မြဝတီအမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။
2020-05-01
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် အလုပ်အကိုင် အခြေအနေ ပြောင်းလဲ သွားချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားသူတွေ ထောက်ပံ့ကြေးရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒီကနေ့ မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။
2020-04-30
မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံမှာ သတင်းစာနယ်ဇင်းလွတ်လပ်မှုဟာ အရင်အစိုးရလက်ထက်ကထက် ပိုမို ကျဆင်းလာနေပြီး၊ သတင်းထောက်တွေဟာလည်း ဖိနှိပ်မှုတွေအောက်မှာ ဥပဒေအကာအကွယ်မဲ့နေတယ်လို့ ပြည်တွင်း-ပြည်ပ မီဒီယာတွေက ပြောဆိုနေကြပါတယ်။
2020-04-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညနေက အရပ်သားတစ်ဦးကို တပ်မတော်ကဖမ်းဆီးလိုက်ပြီးနောက် ဒီနေ့မနက်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မိသားစုက ဆေးရုံကနေ ပြန်သယ်ယူ သဂြိုဟ်ခဲ့ရတယ်လို့ မိသားစုကပြောပါတယ်။
2020-04-30
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်ပိုး ရှိ မရှိ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်ကို မန္တလေးမြို့မှာ မေလ နောက်ဆုံးပတ်ကစပြီး စတင်စစ်ဆေးနိုင်တော့မယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူရဲ့ လက္ခဏာတွေက မကြာခဏ ပြောင်းလဲနေ တာမို့ အထူးသတိထားဖို့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။
2020-04-30
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာ့စီးပွားရေးကို ဘယ်လောက် ထိ ရိုက်ခတ်နေပြီလဲ၊ ဒီစီးပွားရေး အကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကို စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးနဲ့ မေးမြန်းတင်ဆက် ထားပါတယ်။
2020-04-30
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ကို၊ RFA ဝိုင်းတော်သူ မသက်စုအောင် က မိုင်းရယ်မြို့နယ်က ကိုရိုနာ ဗိုင်းရပ်စ် တားဆီးကာကွယ်ထိန်းချုပ်ရေး အခြေအနေတွေအကြောင်း ဆက်သွယ်မေးမြန်း ထားပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာ ငါးဦးရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့ ဆေးရုံမှာ ရေ၊ မီးနဲ့ ဆေးရုံသုံးပစ္စည်း လိုအပ်ချက်တွေ များပြားနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆေးရုံရဲ့ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။