သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-14
သြင်္ကန်ကာလအတွင်း နေပြည်တော် နယ်မြေမှာ ထော်လာဂျီနဲ့ ရေကစားတာ၊ ဆိုင်ကယ်ကို နှစ်ယောက်ထက်ပိုပြီး စီးတာမလုပ်ကြဖို့ ဆိုတာတွေပါတဲ့ စည်းကမ်းချက် ၁၃ ချက်ကို နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
2015-04-14
နှစ်သစ်ဦးကျိန်စာဆိုပြီး အိမ်ရှေ့မှာ ရေးသားထားတဲ့ နိုင် ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်လူတချို့က ဖမ်းဆီးသွား တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
2015-04-14
တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေရဲ့ "ဒေါင်းတို့ မျိုးဆက်" သံချပ်အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း သံချပ်နဲ့ ဖျော်ဖြေရရှိလာတဲ့ အလှူငွေတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေ အသုံးပြုနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။
2015-04-14
အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြား ပဋိပက္ခမဖြစ်ပွားရေး၊ အပြန်အလှန် နားလည် ချစ်ကြည်ရေး၊ စိတ်ရှည်သည်းခံရေးလုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း ရွှေဘို မြို့၊ ရွှေခြင်္သေ့ကျောင်းတိုက်ဆရာတော် ဦးတေဇာဓိပတိဟာ ဝါရှင်တန်မြို့တော်အခြေစိုက် USIP (ခေါ်) “အမေရိကန် ငြိမ်းချမ်းရေးသုတေသန သိပ္ပံဌာန” ရဲ့ အစီအစဉ်နဲ့ အမေရိကန် ပြည်ထောင်စု မှာ ရောက်ရှိနေပါတယ်။
2015-04-14
ကယားပြည်နယ်က ကော်ယော်လူမျိုးစုဝင် လူငယ်တွေရဲ့ ပထမဆုံးအကြိမ် ညီလာခံကို ဖရူဆိုမြို့နယ် ထိုခွီဆိုကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့ကစပြီး နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-04-14
ရခိုင်ရိုးရာသြင်္ကန်ဓလေ့အရ ရခိုင်လူမျိုးတွေဟာ နံ့သာသွေးတာ၊ နံ့သာရည်နဲ့ ဘုရားရေသပ္ပါယ်တာတွေပြုလုပ်ပြီးမှ သြင်္ကန်ရေကစားတာကို စတင်လေ့ရှိပါတယ်။
2015-04-14
ဧပြီလ ၁၃ ရက်နေ့ ဒီကနေ့ဟာ မြန်မာ့ရိုးရာ သြင်္ကန်အကြိုနေ့ ဖြစ်ပါတယ်။ သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့က တချို့မဏ္ဍပ်တွေအနီးမှာ လမ်းဘေးဈေးသည်တွေအတွက် သုံးရေအခက်အခဲရှိသလို ကျန်းမာရေးကိစ္စအတွက် သွားလာရာမှာလည်း အခက်အခဲရှိနေပါတယ်။
2015-04-14
မန္တလေးမြို့က ထင်ရှားကျော်ကြားလူသိများတဲ့ မြို့မတူရိယာအသင်းဟာ သြင်္ကန်ပွဲတော်အတွင်း မြို့မငွေငန်း အလှပြယာဉ်နဲ့အတူ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
2015-04-13
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု တိုးတက်လာရေးအတွက် အဆင့်မြင့်နျူကလီးယား အနုမြူစွမ်းအင် နည်းပညာတွေ ပံ့ပိုးပေးရေးအတွက် ရုရှနဲ့ မြန်မာ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ရုရှနိုင်ငံထုတ် စပွတ်နစ်မဂ္ဂဇင်းက ဖေါ်ပြ ပါတယ်။
2015-04-13
မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ္ဍာရေးနှစ် စီးပွားရေးအခြေအနေဟာ ရေနံဈေးနှုန်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ် မူတည်နေတယ်လို့ အစိုးရစွမ်း အင်ဝန်ကြီးက ပြောဆိုကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းက ဖေါ်ပြပါတယ်။
2015-04-13
၂၀၁၅ မြန်မာ့ရိုးရာမဟာသြင်္ကန်အတွက် သံချပ်အဖွဲ့တွေ အဆင်သင့်ဖြစ်နေကြပါပြီ။ သံချပ်စိစစ်ရေးကော်မတီရှိတဲ့အတွက် စာသားတွေဖြတ်တောက်ခံရတာကြောင့် စိတ်မကျေနပ်နိုင်သူတွေရှိသလို ကိုယ့်အနုပညာကို မဖြတ်မတောက်ဘဲ တင်ဆက်သွားမယ်ဆိုသူတွေလည်းရှိပါတယ်။
2015-04-13
အခုသီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ MNDAA တပ်တွေ အကြား တိုက်ပွဲတွေပြင်းထန်လျက်ရှိရာမှာ ဒီကနေ့မနက် ၈ နာရီက အမြောက်ဆံတစ်ခု တရုတ်နယ်မြေ ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ကိုးကန့်ဒေသခံတွေက ပြော ပါတယ်။
2015-04-13
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ အတာသြင်္ကန်အကျနေ့ ကျရောက်နေပြီး ထိုင်းနိုင်ငံရောက် မြန်မာတွေလည်း ပါဝင်ဆင်နွဲနေကြပါတယ်။
2015-04-13
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြဖို့တိုက်တွန်းတဲ့ သြင်္ကန် သံချပ် ဖျော်ဖြေပွဲတွေကို မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်က ရန်ကုန်မြို့တွင်းမှာ ဒီနေ့ကစပြီး လိုက်လံပြုလုပ်နေပါတယ်။
2015-04-13
နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေချုပ်ငြိမ်းဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့က လူစည် ကားတဲ့နေရာတွေမှာ လူငယ် ၅၀ လောက်က ‘ငြိမ်းချမ်းရေးနှစ်သစ်ဆီသို့’ ခေါင်းစဉ်နဲ့ သရုပ်ပြဖျော်ဖြေ ခဲ့ကြပါတယ်။