သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-19
ဆီဆိုင်မြို့နယ် ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် စစ်တပ် စစ်ကြောင်းနဲ့ တိုးရာမှ စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ PNLA ပြောခွင့်ရသူက ပြောပါတယ်။
2024-04-19
မြန်မာနိုင်ငံက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နောက်ထပ် ၁၃ ဦး ဧပြီလ ၁၈ ရက်နေ့က နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ တက္ကနာမြို့ကို ရောက်ရှိလာကြောင်း ဒါကာမြို့အခြေစိုက် BSS သတင်းက ဧပြီလ ၁၉ ရက်နေ့ ဖော်ပြပါတယ်။
2024-04-19
အရင်နှစ်တွေကတော့ တိုက်ပွဲတွေရှိပေမယ့်လည်း လမ်းပိတ်တဲ့အခြေအနေအထိ မရောက်ခဲ့တာကြောင့် ကလေးမြို့ကို တင်ပို့လို့ရခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။
2024-04-19
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဒေသခံတွေကို အသွားအလာ ပိတ်ပင်ကန့်သတ်ခံထားရတာကြောင့် အဓိက စားသောက်ကုန်ဖြစ်တဲ့ ဆန်ပြတ်လပ်နေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ဧပြီလ ၁၉ ရက်မှာ ပြောပါတယ်။
2024-04-19
ထိုင်းနိုင်ငံ ရနောင်းမြိုနဲ့ ရန်ကုန်ကို ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
2024-04-19
CDM ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ် မထုတ်ပေးဖို့နဲ့ နိုင်ငံကူးလက်မှတ် လာလုပ်ရင်လည်း ဖမ်းဆီးထားဖို့ စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တာဝန်ရှိသူ ကိုကျော်ဝေဖြိုးက ဧပြီလ ၁၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2024-04-19
ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာဒဏ်ရာပြင်းထန်စွာရရှိသွားပါတယ်။
2024-04-19
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-19
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ်ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-04-18
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနား အကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-04-18
မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းနဲ့ လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးက မင်္ဂလာဒုံ လေတပ်အရာရှိအဆောင်နဲ့ ခရေပင်လမ်းပေါ်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-18
မာန်အောင်မြို့နယ် သစ်ပုံရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဧပြီလ ၁၈ ရက်နေ့မှာဝင်ရောက်လာပြီး ရွာက နေအိမ်နှစ်ရာကျော်ကို ပြောင်းရွှေ့ပေးဖို့ ဖိအားပေးခိုင်းစေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-18
အသက် ၁၉ နှစ်အရွယ် မမိုးပြည့်စုံဟာ လက်ရှိမှာ ကရင်ပြည်နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
2024-04-18
မြဝတီမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဆက်ရှိနေပေမဲ့ အပြင်မထွက်ဘဲ သူတို့ရုံးတွေထဲမှာပဲ ရှိနေကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
2024-04-18
ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေကို စစ်တပ်က ဘယ်တုန်းကမှ လုပ်တာမရှိဘဲ AA က လုပ်နေတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာပါ။