သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်ကြီးကျောင်း စစ်ဘေး ဒုက္ခသည်စခန်းကို တပ်မတော်က ဝင်ရောက်စစ်ဆေးဖို့ ကြိုးစားတာကြောင့် အဲဒီမှာခိုလှုံနေသူ ၁ ထောင်ကျော် ထွက်ပြေးသွားကြောင်း ပေါက်တောပြင် စစ်ဘေးဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
2019-06-11
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီး စစ်ဆေးနေစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ရွာသားတွေကိစ္စကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြေပြင်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို အစိုးရဆီ တင်ပြ လိုက်ပါတယ်။
2019-06-10
ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလပြည်နယ်၊ ဟတ်ရိုင် ဒီစတြိတ် အတွင်းမှာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်း ထွက်ခွာလာသူ ၂၁ ဦးကို ထိုင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။
2019-06-10
မြန်မာနိုင်ငံမှာ NLD အစိုးရတက်လာပြီးတဲ့နောက် လာဘ်ပေးလာဘ်ယူ အဂတိကိစ္စတွေ လျော့ကျသွားတယ် ဆိုပေမယ့် ဆက်လက်ဆောင်ရွက်စရာတွေ အများအပြား လိုအပ်နေသေးတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။
2019-06-10
နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုးရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာနဲ့ UAE နိုင်ငံရဲ့အကူအညီအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-06-10
တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းက တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းကို ဒီနှစ် အောက်တိုဘာလ မတိုင်ခင် တင်ပို့နိုင်ဖို့ ဒီလထဲမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။
2019-06-10
ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ အမြန်ဆုံးရဖို့ ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ ကချင်လူမျိုးတွေစုစည်းကာ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နိုင်ငံတကာ ကြက်ခြေနီကော်မတီရုံးကို သွားရောက်ပြီး စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
2019-06-10
ဆရာတော် ဦးဝီရသူကို တရားစွဲဆိုထားတွေ လွတ်မြောက်ရေးနဲ့ ဘေးကင်းရေး လမ်းလျှောက်ဆုတောင်းပွဲကို သံဃာတော်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ရာနဲ့ချီပြီး ဗဟန်းမြို့နယ်က ကြေးသွန်းဘုရားကနေ ဆူးလေစေတီကို ဒီနေ့ စုပေါင်းလမ်းလျှောက်ခဲ့ကြပါတယ်။
2019-06-10
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်အုပ်စု၊ လိုင်ငုယန်ကျေးရွာမှာ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးဖို့ ပြင်ဆင်နေတာကို အစိုးရက တားဆီးပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2019-06-10
တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းက တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းကို ဒီနှစ် အောက်တိုဘာ လ မတိုင်ခင် တင်ပို့နိုင်ဖို့ ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။
2019-06-10
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှာရှိတဲ့ ပေါက်တောပြင် ဘုန်ကြီးကျောင်း က စစ်ဘေးရှောင်စခန်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ဝင်ရောက်ခိုလှုံနေတဲ့ သတင်းအရ တပ်မတော်က ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ဘုန်းကြီးကျောင်းအပြင်မှာ အင်အား ၂၀၀ လောက်နဲ့ မနက်က ညနေအထိ စောင့်ဆိုင်းနေတယ်လို့ ပေါက်တောပြင် စစ်ရှောင်စခန်း တာဝန်ခံ အရှင်သဘာဝနဒီက မိန့်ကြားပါတယ်။
2019-06-10
ဘာသာရေးဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်ကို ဒီကနေ့နေ့လည်က ဝမ်းတွင်းမြို့နယ် ကုန်းကံရွာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2019-06-10
မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူအပေါ် တရားစွဲဆိုထားတွေ လွတ်မြောက်ရေးအတွက် ရာနဲ့ချီတဲ့ သံဃာတော်တွေ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ရန်ကုန်မြို့မှာ ဒီနေ့ စုပေါင်း လမ်းလျှောက်ပြီး ဆုတောင်းခဲ့ကြပါတယ်။
2019-06-10
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ပြန်လည်လက်ခံဖို့ ကတိပေးထားပေမယ့် တကယ်တမ်း လက်ခံဖို့ တွန့်ဆုတ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့က စွပ်စွဲလိုက်ပါတယ်။
2019-06-10
ပြီးခဲ့တဲ့လကုန်ပိုင်းက စင်္ကာပူနိုင်ငံထုတ် အာရှသိပ္ပံပညာရှင် မဂ္ဂဇင်းက အာရှနိုင်ငံတွေက သိပ္ပံပညာရှင် အကျော်အမော် ၁၀၀ စာရင်းကို ထုတ်ပြန်ပါတယ်။