သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-17
မြန်မာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ သံဃာတော်တွေဦးဆောင်တဲ့ လူထုအုံကြွမှု ဖြစ်ပွားခဲ့တာ အခုဆိုရင် ၁ဝ နှစ် ပြည့်ခဲ့ပါပြီ။
2017-08-16
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့နဲ့ လတ်တလော နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အရေးတယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၂ ဦးအပါအဝင် ၅ ဦးက ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2017-08-16
လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ကလေးတွေကို စာသင်ပေးနေတဲ့ MyMe ဆိုတဲ့ ကားပေါ်က စာသင်ကျောင်းဟာ အခုလက်ရှိမှာ မြို့ ၅ မြို့မှာ ကျောင်းသား ၂ ထောင်ကျော်နဲ့ လိုက်လံသင်ကြားပေးနေပါတယ်။
2017-08-16
ရာသီတုပ်ကွေးကြောင့် ကြက်သားစားသုံးသူတွေသိသိသာသာနည်းသွားပြီး အရောင်းအဝယ်ကို ထိခိုက်လာနေပါတယ်။ ကျန်းမာရေးပညာရှင်တွေက ကြက်သားနဲ့ လက်ရှိဖြစ်နေတဲ့တုပ်ကွေး မဆိုင်တဲ့အကြောင်း ကြက်သားကို ယုံယုံကြည်ကြည် စားကြဖို့ တိုက်တွန်းထားပါတယ်။
2017-08-16
မွန်နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ဖို့ မွန်လူထုနဲ့ မွန်အရပ်ဘက်အဖွဲ့တွေ၊ မွန်သံဃာတော်တွေ ကြိုးစားကြပေမယ့် တကယ့်လက်တွေမှာ မွန်နှစ်ပါတီ ပေါင်းစည်းရေး မဖြစ်နိုင်သလို တတိယပါတီ ထူထောင်ဖို့အတွက်လည်း စိန်ခေါ်မှုတွေ များနေတဲ့အတွက် မွန်နိုင်ငံရေး အကျပ်အတည်းထဲ ရောက်နေတယ်လို့ ပါတီပေါင်းစည်းရေးလိုလားသူတွေက ပြောပါတယ်။
2017-08-16
ရှမ်းပြည်နယ် လားရှိုးမြို့အတွင်း ဆေးဆိုင်တွေမှာ သက်တမ်းလွန် ဆေးဝါးတွေနဲ့ မှတ်ပုံတင်မဲ့ ဆေးဝါးတွေ ရောင်းချနေတာ စစ်ဆေးတွေ့ရှိခဲ့ရသလို ဆေးရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချနေတာတွေကိုလည်း စစ်ဆေးတေ့ွရှိခဲ့တယ်လို့ လားရှိုးခရိုင် အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တာဝန်ခံ ဒေါက်တာမျိုးဇော်အောင် က ဒီနေ့ စစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။
2017-08-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက ၂ နာရီ ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားခဲ့ပါတယ်။
2017-08-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန် မနက် ၁၀နာရီ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပါတီက ဦးဆောင် ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
2017-08-16
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၂၅ ယောက်ရှိနေသေးပြီး ၊ ၄ ယောက်က ကျန်းမာရေး ဆိုးနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-08-16
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာရှိတဲ့ MCL ဘိလပ်မြေစက်ရုံက လည်ပတ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဆောက်လုပ် လည်ပတ်နေတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကေ်ာမတီ ဥက္ကဌ က ပြောပါတယ်။
2017-08-16
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က ကေအိုင်အေတပ်ရင်း ၁၁ အခြေစိုက်တဲ့ ကဆုန့်ကျေးရွာနားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေ အနေတွေကြောင့် နမ္မတီးမြို့ပေါ်ထွက်ပြေးလာတဲ့ မိသားစုဝင် တစ်ထောင်ကျော် ကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ အခြေခံစားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်း ပါတယ်။
2017-08-16
ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ငြင်းဆိုလိုက်ပါတယ်။
2017-08-16
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကချင်နဲ့ ကယားကလွဲပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူတွေ နဲ့ သေဆုံးသူတွေ ရှိနေတယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။
2017-08-16
ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှာ မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသခေါင်းဆောင် ဦးမင်းဌေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က မိုးမောက်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ တရားခံပြသက်သေ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ABSDF အဖွဲ့ ဥက္ကဌ ဦးသံခဲကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးခဲ့ပါတယ်။
2017-08-16
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ တစ်ရက်ကို တန် ၄၀၀၀ ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း ကယားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။