သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-18
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန် တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို မကျေနပ်တဲ့အတွက် ဒေသခံရခိုင်နဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-09-18
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ အကျဉ်းသား ၄၁ ယောက် ထွက်ပြေးခဲ့တဲ့အမှုမှာ သံသယ ရှိတဲ့အတွက် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတွေကို အကျဉ်းဦးစီးဌာန ဗဟိုကနေ လာရောက် စစ်ဆေးနေပါတယ်။ ထွက်ပြေးတဲ့အကျဉ်းသားတွေကိုလည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေပါတယ်။
2018-09-18
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ UWSA ဝ,ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ဝင်ရောက်စစ်ဆေးတာ၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ယူစစ်ဆေး ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေကို တင်ပြထားပါတယ်။
2018-09-18
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို အရေးယူဖို့၊ မြန်မာ့တပ်မတော်ကို အုပ်ချုပ်မှုအာဏာကနေ ဖယ်ထုတ်ပြီး အစိုးရအောက်မှာထားဖို့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အဖွဲ့က အစီရင်ခံစာထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-18
ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ခရစ်ယန်ဘာသာနဲ့ပတ်သက်လို့ တင်းကြပ်တာတွေလုပ်နေတာဟာ အခုမှမဟုတ်ဘဲ နှစ်အတော်ကြာနေပြီလို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးဌာနက ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2018-09-18
မကွေးတိုင်း အောင်လံမြို့နယ်က ဘွက်ကြီးဆည်ရဲ့မြေသားဘောင်တွေ နိမ့်ကျလာတာ မှန်ပေမယ့် တာရိုးကျိုးကျမယ့် အန္တရာယ်မရှိကြောင်းနဲ့၊ ဆည်ရဲ့သတင်းတွေကို လိုအပ်ရင် ကြိုတင်သတိပေး ထုတ်ပြန်ပေးသွားမယ်လို့ မကွေးတိုင်း စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။
2018-09-18
ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2018-09-18
ခေတ်အဆက်ဆက်အစိုးရတွေ အသုံးပြုနေကြတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေပုဒ် ၄ ခုကို ပယ်ဖျက်ပေးနိုင်ရေး လွှတ်တော်မှာတင်သွင်းဖို့ စီစဉ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးကော်မတီ AAPP က ပြောပါတယ်။
2018-09-18
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေအဖြစ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တာကို ဒေသခံရခိုင်နဲ့ ကမန် အမျိုးသားတိုးတက်ရေးပါတီ ရခိုင်အမျိုးသားကွန်ရက်တို့ ပူးပေါင်းပြီး ဒီလုပ်ငန်းစဉ်မှာ မသမာမှုတွေရှိနိုင်တဲ့အတွက် အရေးယူပေးဖို့ ကြေညာချက်တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-18
လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စစ်အစိုးရရေးဆွဲပြုစုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
2018-09-18
ထိုင်းမြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးတာကြောင့် မြေပြိုကာ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
2018-09-18
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ လွတ်ရက်မရှိ အကျဉ်းသားတစ်ဦးက ဦးဆောင်ကာ အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ထွက်ခဲ့တာမှာ ထောင်အာဏာပိုင်တွေ ပူးပေါင်းနိုင်တယ်ဆိုတဲ့ သံသယကြောင့် ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်းတချို့ကို အကျဉ်းဦးစီးဌာက စစ်ဆေးနေတယ် လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
2018-09-18
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်မှာရှိတဲ့ SSA N0-1 ဂျယ်လီစက်ရုံက အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အလုပ်သမား ၅၀ ခန့်က အလုပ်ပြန်ခန့်ပေးဖို့အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုပြီး စက်ရုံရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
2018-09-18
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အမှတ်(၈) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်းလောင်းကစားရုံကို ရပ်ကွက်နေပြည်သူတွေက အခုလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါတယ်။
2018-09-18
မကွေးတိုင်း၊ အောင်လံမြို့နယ်က ဘွက်ကြီးဆည်ရဲ့ အပြင်ဘက်က မြေသားဘောင်တွေ နိမ့်ကျလာတဲ့အတွက် ဆည်အောက်ပိုင်းကျေးရွာတွေက ဒေသခံတွေ ဆည်ပေါက်မှာစိုးရိမ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။