သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-07
■ ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်… စတဲ့ဒေသတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-07
ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်အတွင်းက ဒေသအသီးသီးမှာ ကျင်းပခဲ့သလို၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဌာနချုပ်ရှိရာ ထိုင်းမြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းဒေသမှာလည်း ကျင်းပခဲ့ပါတယ်။
2019-02-07
နိုင်ငံပိုင်မြေယာ၊ အဆောက်အအုံတွေပေါ်မှာ ခွင့်ပြုခဲ့တဲ့ စီမံကိန်းတွေထဲက ကတိကဝတ်နဲ့ မညီညွတ်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2019-02-07
ဗိုလ်ချုပ်ကြေးရုပ် ဖျက်သိမ်းပေးရေးအတွက် တောင်းဆိုနေကြတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ပြည်နယ် NLD ပါတီ ရုံးရှေ့က သပိတ်စခန်းကို ဒီနေ့ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ဖြိုခွဲလိုက်ပြီး ကရင်နီလူငယ် ၃၆ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
2019-02-07
ချင်းပြည်နယ်၊ မတူပီမြို့မှာ ည ၇ နာရီကနေ မနက် ၅ နာရီအထိ စစ်ဗျူဟာတပ်တွေရှိရာဘက်ကို ညဘက် မသွားလာကြဖို့ ဒေသခံတွေကို အသိပေးနှိုးဆော်ထားတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
2019-02-07
ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံ ထောင်နဲ့ချီပြီး မြစ်ကြီးနားမြို့မှာ ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
2019-02-07
အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေးငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။
2019-02-07
အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ် အခိုင်အမာရပ်တည်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိဖို့ အင်မတန်အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2019-02-06
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်အတွင်းက နိုင်ငံရေး ပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို အချိုးကျထည့်သွင်းပြီး ဖွဲ့စည်းမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
2019-02-06
ဖုန်းအသုံးပြုခကျသင့်ငွေတောင်းခံလွှာတွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ Red Dot Network ကုမ္ပဏီ ပိတ်သိမ်းလိုက်တဲ့အတွက် ကိုယ်စားလှယ်ယူထားသူတွေ ကျပ်သိန်းပေါင်း ၅ သောင်းကျော် နစ်နာဆုံးရှုံး နေတယ်လို့ သိရပါတယ်။
2019-02-06
တရုတ်နိုင်ငံ ကြံခင်းတွေမှာ အလုပ်လုပ်ကိုင်ရင်း တရုတ်အလုပ်ရှင်နဲ့ အဆင်မပြေတဲ့အတွက် အစာရေစာ ဖြတ်တောက်ခံရပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာပြည်ကို ငါးနာရီကြာ လမ်းလျှောက်ပြန်လာခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ကလေးမြို့နယ်တွေက အလုပ်သမားတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
2019-02-06
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် လက်နက်ကိုင်ပုန်ကန်တဲ့အထိ ဖြစ်လာရတဲ့အကြောင်း ARSA လက်နက်ကိုင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2019-02-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ်မောင်နိုင်စိုး သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူကိုအရေးယူပေးဖို့ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။
2019-02-06
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။
2019-02-06
မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံတွေ စုပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဆန္ဒပြကြမယ်လို့ သိရပါတယ်။