သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-10
စစ်ကောင်စီဘက်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်တပ်အာဏာ သိမ်းပြီးဖယ်ရှားခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ရဖို့လိုအပ်တယ်လို့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း အာဂုစ် ဝီဂျိုယိုက ပြောပါတယ်။
2023-02-10
ထန်တလန်မြို့ အပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ ကလွဲပြီး ကျန်တဲ့နေရာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားနိုင်ပေမယ့် စစ်ကောင်စီတပ် ရှိနေသေးတာနဲ့ လေယာဉ်နဲ့ လာပစ်နိုင်တာကြောင့် ဒေသခံတွေ ပြန်နေလို့မရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောပါတယ်။
2023-02-10
ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုံခြုံရေးတင်းကျပ်တာတွေက လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် အဟန့်အတားဖြစ်စေတယ်လို့ UN OCHA က ဆိုပါတယ်။
2023-02-10
နောင်ချိုမြို့နယ် လုံခံကျေးရွာ ဘုရားကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ပါ တိုက်ခိုက်နေပါတယ်။
2023-02-10
စစ်ကောင်စီကျင့်သုံးမယ့် PR အချိုးကျကိုယ်စားပြုစနစ်ကြောင့် ကိုယ့်ဒေသမှာ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ တိုင်းရင်းသားပါတီတွေဟာ ထောက်ခံမဲတွေ ဆုံးရှုံးသွားနိုင်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2023-02-10
အာဏာသိမ်းထားတဲ့ နှစ်နှစ်တာအတွင်း ကရင်အမျိုးသားထိန်းချုပ်ရာနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-02-10
နိုင်ငံတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ လျော့နည်းသွားအောင် ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
2023-02-10
မန္တလေးတိုင်း မတ္တရာမြို့နယ် မာရဘင်ရွာက ဒေသခံ ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖော်ဝါရီလ ၁၀ ရက် ဒီနေ့ထိ ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2023-02-09
ကနေဒါရေနံကုမ္ပဏီ MTI Energy က သူ့ရဲ့ဘာမြူဒါအခြေစိုက် Et Martem Holdings လုပ်ငန်းခွဲကတစ်ဆင့် အစုရှယ်ယာကို ဝယ်ယူတာလို့ Justice for Myanmar က ပြောပါတယ်။
2023-02-09
မကြာခင်က စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ဒေသတွေကို စစ်ကောင်စီက ပိုမိုတိုက်ခိုက်လာမှာကို ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြတယ်လို့ UCA သတင်းက ဆိုပါတယ်။
2023-02-09
တော်လှန်ရေးအင်အားစုတွေကို ဆက်ကူမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2023-02-09
စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မယုတို့ ညီအစ်မနှစ်ယောက် ပုဇွန်တောင်ချောင်းက ရေဆိုးရေညစ်တွေကြားမှာ ဘူးခွံ၊ ပလုံးခွံတွေ ကောက်ရောင်းပြီး ဝမ်းရေးဖြေရှင်းနေရပါတယ်။
2023-02-09
KNU ထိန်းချုပ်နယ်မြေမှာ အာဏာသိမ်းနှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၈၃၀၈ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-02-09
အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကာလုံအဖွဲ့က အစည်းအဝေးခေါ်ယူပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရေးပေါ်ကာလကို နောက်ထပ်ခြောက်လ တိုးလိုက်ကြောင်း ကြေညာခဲ့တာပါ။
2023-02-09
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသိန်းခုနစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။