သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-13
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မှာ ထားဝယ် ခရိုင် ကျောင်းသားများသမဂ္ဂ ရဲ့"ဒေါင်းတို့အားမာန်"သံချပ်အဖွဲ့ရဲ့ ခွင့်ပြု ချက်တောင်းခံထားတာကို ထားဝယ်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ပယ်ချလိုက်ပါတယ်။
2015-04-13
ကယားပြည်နယ်က ကော်ယော်လူမျိုးစု အမျိုးသားလူငယ်တွေရဲ့ ပထမအကြိမ် ညီလာခံကို ဖရူဆိုမြို့နယ် ထိုခွီဆိုကျေးရွာ မှာ ဧပြီလ ၁၁ ရက်နေ့ကစပြီး နှစ်ရက်ကြာကျင်းပခဲ့ပါတယ်။
2015-04-13
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA နဲ့ အစိုးရတပ်မတော်တို့ဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့အနီး ခုတ်ထန်ရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကစပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2015-04-13
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောက်တံတား၊ လသာ၊ လမ်းမတော် အစရှိတဲ့ မြို့နယ် ၁ဝ ခု က မဲပေးခွင့်ရှိသူစာရင်းကို ရန်ကုန်တိုင်းဒေသကြီးကော်မရှင်က ပြုစုပြီး ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မတ်လ ၃ဝ နေ့က စတင်ကြေညာပေးခဲ့ပါတယ်။
2015-04-13
ဒီကနေ့ ဧပြီလ ၁၂ရက် သြင်္ကန်ရုံးပိတ်ရက်များစတင်တဲ့ နေ့မှာ ရန်ကုန်မန္တလေးနဲ့ မြို့ကြီးများမှာ သံချပ်အဖွဲ့ အချို့စတင်ဖြေဖျော် ကြပါတယ်။
2015-04-13
၂၀၁၅ ခုနှစ် မဟာသြင်္ကန်ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ဖို့အတွက် မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ဒီကနေ့စ ကြိုတင်ပြင် ဆင်နေကြတဲ့အချိန် မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလဲ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ သူတို့ရောက်ရှိရာ နိုင်ငံတွေမှာ သြင်္ကန် ပွဲတော်ကို ဒီကနေ့ ဆင်နွှဲခဲ့ကြပါတယ်။
2015-04-12
သြင်္ကန်ပိတ်ရက် ၁ဝ ရက်မှာ နေ့စားအလုပ်သမားအများစုဟာ ပိတ်ရက်ရှည်တွေမှာ ဝင်ငွေမရှိတာကြောင့် အခက်အခဲတွေ ကြုံတွေ့ရတာတွေကို RFA သတင်းထောက် မပြုံးမို့မို့ဇင်က တင်ပြထားပါတယ်။
2015-04-12
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးလော ကခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ကို ဖိတ်ကြားတွေ့ဆုံခဲ့တဲ့ ကိစ္စတွေနဲ့ မြန်မာ နိုင်ငံရေး နောက်ဆုံးအခြေအနေတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီနဲ့ စာရေးဆရာ ဘလော့ဂါ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေ တို့နဲ့အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2015-04-12
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် လာရေးအတွက် အခင်းအကျင်းသစ်တွေ စတင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ်းလှမ်းလိုက်ပါတယ်။
2015-04-12
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂုံးချွိန်နဲ့ မလကျွန်းကျေးရွာ တောင်သူတွေက ရွှေ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံကြောင့် ပျက်စီးသွားတဲ့ မြေဧက ၆၀ ကျော်အတွက် လျော်ကြေး အပြည့်အဝရရှိပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
2015-04-12
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့နယ်က မဲပေးနိုင်သူ စာရင်းတွေကို ကြေညာခဲ့ရာမှာ မှတ်ပုံတင်မရှိသူတွေကိုလည်း တွေ့ရှိခဲ့ရပေမဲ့ မဲပေးပိုင် ခွင့်စာရင်းမှာ ထည့်သွင်းပေး ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2015-04-12
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သြင်္ကန် ကာလအတွင်း မတော်တဆထိခိုက်မှု အပြင် အရေးပေါ်ကုသမှုလိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်အောင် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနက အထူးကုဆရာဝန်တွေကို အချိန်ပြည့်တာဝန်ချ ထားပေးကြောင်း ပြောပါတယ်။
2015-04-12
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်းမှာ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးအတွက် မူးယစ်အထူးတပ်ဖွဲ့ က ရှောင်တခင် စစ်ဆေးမှုတွေ လုပ်နေရင်း ဗုံးတစ် လုံးပေါက်ကွဲခဲ့လို့ မူးယစ် အထူးတပ်ဖွဲ့က ရဲအုပ် နှစ်ယောက် သေဆုံးခဲ့ပြီး သုံးယောက် ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။
2015-04-12
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်မှာ ယုဇနကုမ္ပဏီက မစိုက်ပျိုးဘဲ ထားခဲ့တဲ့ မြေလွတ်မြေရိုင်း ဧကနှစ်သောင်းကျော်မှာ ဒေသ ခံတွေနဲ့ ရွေ့ပြောင်း လုပ်သားတွေက ဝင်ရောက်လုပ်ကိုင်နေ ကြပါတယ်။
2015-04-11
အခုနှစ်သြင်္ကန်ကာလတွင်း ပြည်သူလူထုကြား မှာ ဖျော်ဖြေမယ့် သံချပ်စာသားတွေကို ရန်ကုန်တိုင်း အစိုးရက စိစစ်ရေးအဖွဲ့နဲ့ ဆင်ဆာဖြတ်တောက် တာတွေရှိခဲ့ပါတယ်။ အဲ့ဒီ်အကြောင်းတွေနဲ့ ပတ် သက်လို့ အပြာရဲ့အနီသံချပ်အဖွဲ့တည်ထောင်သူ ပိတောက်ပွင့်သစ်မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေး ဆရာ၊ ကဗျာဆရာ မောင်စိမ်းနီကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်း ထားပါတယ်။