သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-10
တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဒီကနေ့ နေ့လယ်က ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ တပ်မတော်ဘက်က သက်သေခံ တင်သွင်းခွင့်လျှောက်တာကို တရားရုံးအနေနဲ့ လက်မခံသင့်ကြောင်း သံချပ်အဖွဲ့ရဲ့ ရှေ့နေက လျှောက်ထားလိုက်ပါတယ်။
2019-06-10
မြန်မာနဲ့ အိန္ဒိယ အဆင့်မြင့်ဆွေးနွေးပွဲတရပ် အင်ဖားမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျင်းပမယ်လို့ သိရပါတယ်။
2019-06-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ NCA အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ PPST အလုပ်အဖွဲ့အစည်းအဝေးကို တပ်မတော်ဘက်က ကန့်ကွက်တာကြောင့် ကျင်းပခွင့်မရခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
2019-06-09
အဋ္ဌမတန်းဖတ်စာအုပ်မှာ ကျောင်းသားတွေလက်ထဲ ရောက်နေပြီဖြစ်တဲ့အတွက် ပယ်ဖျက်ထားတဲ့ မယ်ခွေရဲ့ လက်ဆောင်ဆိုတဲ့ ကဗျာကို သင်ရိုးမှာ ပြန်ထည့်ဖို့ မဖြစ်နိုင်ကြောင်း ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
2019-06-09
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် လေးဦးကို အဂတိတိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ ပေါက်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
2019-06-09
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းဘေးတစ်လျှောက်က ကျေးရွာတွေအနီးမှာ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၆၀၀ကျော်ဟာ ပလက်ဝမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2019-06-09
တရုတ်နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းက ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းစတင်မှာကို ပြန်လည်သုံးသပ်ဖို့ မြန်မာခရစ်ယာန် ဘုန်းတော်ကြီးများ အစည်းအဝေးကနေ တောင်းဆိုလိုက်ပါတယ်။
2019-06-08
လာမယ့် ၂၀၂၀ ပြည့်နှစ်ကုန်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ရွေးကောက်ခံမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
2019-06-08
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2019-06-08
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ကြားမှာရှိတဲ့ လူငယ် ၂၄၀၀ ကျော်ကို မေးမြန်းပြုစုထားတဲ့ အနာဂတ်မျိုးဆက်သစ်မြန်မာ (Next Generation Myanmar) သုတေသန စစ်တမ်းအစီရင်ခံစာ မိတ်ဆက်ပွဲကို မနေ့က ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
2019-06-08
၂ဝ၁၉ ဇွန် ၈ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " လွှတ်တော်နဲ့ လက်နက်ကိုင်ပဋိပက္ခများအရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-06-08
AA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ တစ်ဖွဲ့ချင်းစီ Bi-lateral ခေါ် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ကြိုးပမ်းနေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2019-06-08
ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန်စစ်ပွဲ ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့ရှိ မနောင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2019-06-08
လာမယ့် ၂၀၂၀ ပြည့်နှစ်ကုန်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ရွေးကောက်ခံ မယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
2019-06-08
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက အချုပ်သား ကိုထွန်းမြင့်ဝင်း သေဆုံး ခဲ့မှုနဲ့ပတ်သက်ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးရေးဖွဲ့ကာ ဒီနေ့ စတင်စစ်ဆေးနေပြီလို့ နေပြည်တော် အကျဉ်းဦးစီးဌာန ဒု- ညွှန်ကြားရေးမှုး ဦးမင်းထွန်းစိုးက ပြောပါတယ်။