သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-12
အခုတပတ် အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြည်လုံးကျွတ် ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုမှုကြီးဟာ အခုလာမယ့်ရက်ပိုင်းမှာ ၂၅ နှစ် ပြည့်ပါတော့မယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြည်ပမှရောက်ရှိနေတဲ့ အဖွဲ့အစည်းတချို့က ပုဂု္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး အာအက်ဖ်အေအဖွဲ့သား ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2013-08-12
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ နုယူးယောက်မြို့မှာ လက်ရှိနေထိုင်တဲ့ စာရေးဆရာ ကဗျာဆရာမောင်စွမ်းရည်ရဲ့အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာဖြစ်ပါတယ်။ ဒေါ်စန်းစန်းတင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-08-12
ဘာသာရေးနဲ့နွယ်တဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် ဒုက္ခဆင်းရဲကြုံနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင်တွေကို စိတ်ပိုင်းရုပ်ပိုင်းအရ အားပေးကူညီပြီး တပြိုင်နက်မှာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် တောင်းဆို ချက်တွေကို နောက်ဆုတ်လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ် မှာ ပြဿနာတွေ အေးငြိမ်းသွားနိုင်ပါတယ်လို့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဒီကနေ့ တနင်္လာနေ့ မှာ ပြောကြားလိုက်ပါတယ်။
2013-08-11
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသူဟောင်း ၂ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ပုံကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ကိုနေရိန်ကျော်က တင်ပြထားပါတယ်။ အခုဆက်လက်ပြီး ကွယ်လွန်သူ မချယ်ရီ အတွက်အမှတ်တရအနေနဲ့ ဇူးစီ သီဆိုခဲ့တဲ့ သီချင်းကို နားဆင်ပါ။
2013-08-11
ကချင်ပြည်နယ် ဒေသခံတွေက တပိုင်တနိုင် ကျောက်စိမ်းတူးဖေါ်ခွင့် ဥပဒေ ပြဌာန်းပေးဖို့နဲ့ မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း ကို ပြုပြင်ထိန်းသိမ်းပေးဖို့ ဖားကန့်မြို့ကို ရောက်ရှိနေ တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့မေတ္တာရပ်ခံ တောင်းဆိုကြ ပါတယ်။
2013-08-11
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအောက်မေ့ ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ NLD-LA တောင်ကိုးရီယား ဌာနခွဲကဦးစီးပြီး ဆိုးလ်မြို့က အဲဒီအဖွဲ့ရုံးခန်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2013-08-11
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို လွှတ်ပေးဖို့ တောင်းဆိုချက်နဲ့ မြောက်ဒဂုံ မြို့နယ်၊ သီရိအောင်မြေကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသဟာ ဒီကနေ့ ရန်ကုန်မြို့ကနေ မန္တလေးမြို့အထိ တစ်ကိုယ်တော် ခြေလျင်ခရီး စတင်ထွက်ခွာသွားပါတယ်။
2013-08-11
လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ရေးအဖွဲ့က လက်ရှိထုတ်ပေးနေတဲ့ မြေယာလျော်ကြေးများကို ဒေသခံရွာတွေအနေနဲ့ လက်မခံကြောင်း လက်ပံတောင်းဒေသ ရွာသုံးရွာမှာကျင်းပတဲ့ ကျေးရွာလူထုအစည်းအဝေးတွေ ကနေ ဆုံးဖြတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2013-08-11
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစတင် ပြီး နောက်ထပ်သက်တမ်း ၂ လ တိုးမြှင့်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိ သူတွေက ပြောပါတယ်။
2013-08-11
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ (အသက် ၆၈ နှစ်)ဟာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ အဆုတ်ကင်ဆာရောဂါ အတွက် ဆေးဝါးကုသမှု ခံယူရင်း ဒီနေ့မနက် ၆နာရီ ၁၅မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
2013-08-11
မြန်မာနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ် လာမယ့် ပဲခူးတိုင်းဒေသကြီးအတွင်းက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ဆောက်ရေး လုပ်ကိုင်ခွင့်ကို တောင်ကိုးရီးယားကုမ္ပဏီ Incheon International Airport Corp (IIAC) ကို ပေးအပ်လိုက်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2013-08-11
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၇ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန ရုံးချုပ် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဆွေကိုရဲ့ အတွေ့အကြုံနဲ့ စက်တင်ဘာသွေးမျက်ရည် သီချင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
2013-08-10
ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ ရဲ့ ပြန့်ကျဲနေတဲ့ စိတ်ဓာတ်တွေ ကို ပြန်လည်စုစည်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ၆၃ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို စနေနေ့ မနေ့က ကျင်းပသွားပါတယ်။
2013-08-10
ကရင်ပြည်နယ် ရေဘေးဒုက္ခသည် စခန်းတွေက ကလေးတွေ အတွက် ကျောင်းသုံးစာအုပ်တွေ လှူဒါန်းနိုင်ဖို့ ပန်းရဲ့လမ်း ဂီတအဖွဲ့ဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် စိတ်တိုင်း ကျ လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ ဂီတဖျော်ဖြေပြီး အလှူခံခဲ့ ပါတယ်။
2013-08-10
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တာဝန်ရှိသူတွေဟာ လာမယ့်ရက်ပိုင်း အတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) တာဝန်ရှိသူတွေက ပြောပါ တယ်။