သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-07
အတိုင်ပင်ခံပုဂ္ဂိုလ်က သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို စက်တင်ဘာလ ၈ ရက်နေ့ မနက်ဖြန်မှာ သွားရောက်ဖို့ စီစဉ်ထားတာကို ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံနှံ့နေမှုတွေကြောင့် သွားခွင့်မပြုလို့ ခရီးစဉ်ဖျက်လိုက်ကြောင်း ဒီနေ့ မနက် အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2020-09-06
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူဦးရေ ၅၀ အထိ စုဝေးဟောပြောခွင့် ပြုလိုက်ပါတယ်။
2020-09-06
အစိုးရက လက်လှမ်းမမီတဲ့ ကျေးလက်ဒေသနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းရင်းသား ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း EHOs က နိုင်ငံလေးနိုင်ငံကို အကူအညီ တောင်းခံထားပါတယ်။
2020-09-06
မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတချို့ အပြင်းပွားမြေယာ ကိစ္စတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး တိုင်းကြားတာတွေရှိတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ မြေယာမှားယွင်းဝယ်သူတွေ ကလည်း တရားမျှတမှုရှိအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
2020-09-06
မန္တလေးတိုင်းကို လာရောက်သူတွေနဲ့ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ပြန်လည်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ လုပ်သွားမယ့်အပြင် ဆေးစစ်ဖို့ ကုန်ကျစရိတ်ကိုလည်း ကာယကံရှင်က ကျခံရမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2020-09-06
နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက် ဒီနေ့မနက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2020-09-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းက ခြံအမှတ် (၅၄) မှာ နေထိုင်သူ တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က RFA ကို အတည်ပြုပြောပါတယ်။
2020-09-05
မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန်၊ မဲဆွယ်ပွဲတွေမှာ နိုင်ငံစီးပွားရေး တိုးတက်အောင် ဘယ်လိုဆောင်ရွက်ကြမလဲကစပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါပြဿနာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ မဲဆန္ဒရှင်လူထုကို ရွေးကောက်ပွဲဝင်ရောက်မယ့် ပါတီတွေ ရှင်းပြရမယ့် အခြေအနေပါ။
2020-09-05
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုမရှိသလောက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ကျောင်းတွေကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေပါပြီ။
2020-09-05
လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
2020-09-05
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဖျောက်ဖျက်လို့ဆိုပြီး အရေးယူခံထားရသူပေါင်း နှစ်သောင်းနီးပါးရှိတယ်လို့ စက်တင်ဘာ ၄ ရက်နေ့ မနေ့က ကျင်းပတဲ့ နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2020-09-05
မြန်မာ့ရုပ်ရှင်တွေထဲမှာ ထိရှလွယ်တဲ့ မသန်စွမ်းတွေ၊ လိင်စိတ်ကွဲပြားသူတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတဲ့၊ လှောင်ပြောင်တဲ့ ဇာတ်ကွက်တွေ ပါဝင်နေတယ်လို့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာ တစ်စောင်မှာ ထောက်ပြထားပါတယ်။
2020-09-05
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ထိခိုက်ဒဏ်ရာဌာနနဲ့ အရိုးအထူးကု ပြင်ပလူနာ ဌာနကို စင်တာဘာလ ၄ ရက် မနေ့ကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။
2020-09-05
ပဲခူးတိုင်း၊ အင်းတကော်မြို့၊ ထီးနန်း ကုက္ကားကျေးရွာကို ရောက်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ဘေးဒုက္ခသည် ၅၀ ခန့်ဟာ စားသောက်နေထိုင်စရာ အခက်အခဲ ကြုံနေပါတယ်။
2020-09-05
ကမ္ဘာမှာ လူပေါင်း ၇ သန်းကျော်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးနေပြီး တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် လူပေါင်း ၉ သိန်းလောက် သေဆုံးနေရပါတယ်။