သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-11
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး “ခြိမ်းခြောက်ခံနေရတဲ့ ပြယုဂ်များ” လို့အမည်ပေးထားတဲ့ မှတ်တမ်းဓာတ်ပုံပြပွဲ တစ်ခုကို ရန်ကုန်မြို့ ၃၅ လမ်းက River Ayeyarwaddy ပန်းချီပြခန်းမှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြသနေပါတယ်။
2014-11-11
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။
2014-11-11
ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တဝိုက်မှာ နေထိုင် သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက် လာပါတယ်။
2014-11-11
မနက်ဖြန် နေပြည်တော်မှာ စတင်ကျင်းပ မယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ ကို ပြည်တွင်းမီဒီယာသမားဦးရေ ၄ဝ သာ ဝင်ခွင့်ရ မှာဖြစ်တဲ့အတွက် မဲနှိုက်ပြီးမှ သတင်းယူခွင့်ရမယ် လို့ သိရပါတယ်။
2014-11-11
မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေကို ပစ်မှတ် ထားပြီး အကြမ်းဖက် သတ်ဖြတ်တာတွေကို တားဆီးဖို့ မလေးရှားလွှတ်တော် ဥက္ကဌထံ အမျိုးသားလွှတ်တော်က သဝဏ်လွှာပေးပို့ မှာဖြစ်ကြောင်း အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2014-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အခြေအနေတွေကို ရှင်းပြခဲ့ပါ တယ်။
2014-11-11
၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီး၊ စာရေးဆရာ ကျော်ဝင်းနဲ့ စာရေးဆရာဖေမြင့် တို့ ပူးတွဲပြီး "မြန်မာ့နိုင်ငံရေးလားရာများ" ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းကို မန္တလေးမြို့က Triumph ဟိုတယ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-11
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-11
မကွေးမြို့က လွတ်လပ်ရေးပန်းခြံနေရာမှာ အခကြေးငွေနဲ့ ကစားနိုင်တဲ့ ကစားကွင်းတွေ တည်ဆောက်ဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-11-11
မြန်မာနိုင်ငံဘက်ကနေ ပင်လယ်ပြင် ကို လှေတွေနဲ့ကူးဖြတ်လာခဲ့ကြသူ နှစ်ရာကျော်ကို မူလ လာခဲ့ရာဘက် ပြန်လွှတ်မယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။
2014-11-11
မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေးဝါး သယ်ဆောင် လာတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့် တပ်တွေ ဒီကနေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် မူးယစ်ဆေးဝါး သယ်ဆောင် လာသူ ငါးယောက်ကျဆုံးပြီး စိတ်ကြွဆေးပြား ၄ သိန်းကျော် နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်း နယ်ခြားစောင့်တပ်က ပြောပါတယ်။
2014-11-11
ဒုက္ခသည်တွေထဲမှာ မြန်မာတွေ ဟာ ပြဿနာများသူတွေဖြစ်ကြတယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးကပြော ဆိုကြောင်း မလေးရှား Bernama သတင်းကဖေါ်ပြပါတယ်။
2014-11-11
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ ပတ်သက်ပြီး ရှုတ်ချကန့်ကွက်ကြောင်း ပြည်သူလွှတ်တော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2014-11-10
ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်တို့ ပြောကြားသွားကြတဲ့စကားတွေနဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေနဲ့ မြန်မာ-အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ BADA ဥက္ကဌ ဦးမောင်မောင်လတ် တို့နဲ့ ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက တင်ပြဆွေးနွေးထားပါတယ်။
2014-11-10
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ နိုင်ငံတော်အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ ကို ဒီနေ့ တောင်ကြီးခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။