သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-09
KNU အနေနဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။
2023-02-09
စစ်ကောင်စီတပ်က ပစ်ခတ်တာ၊ မြေပြင်သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းတာတွေကြောင့် အမျိုးသမီး ၄၁၄ ဦး သေဆုံးခဲ့တာလို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
2023-02-09
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတစ်ဦး ပစ်သတ်ခံခဲ့ရသလို နောက်တစ်ဦးကတော့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
2023-02-09
အာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးနေတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းပြီးမှ ရွေးကောက်ပွဲကျင်းပဖို့ အပါအဝင် စစ်ကောင်စီကို ဝေဖန်ထောက်ပြချက်တချို့ကို (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
2023-02-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းက ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-02-09
အရပ်သားတွေကို ရက္ခိုင့်တပ်တော် (AA) ရဲ့ အောက်ခြေတပ်သားတွေက နှိပ်စက်မှုတွေရှိနေပြီး တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီက တောင်းဆိုလိုက်ပါတယ်။
2023-02-09
စစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်မှာ ရေးသားသူတွေ နေ့စဉ်လို အမှုဖွင့် ခံနေကြရတယ်လို့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2023-02-09
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ရွာပေါင်း ၁၂ ရွာခန့်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးခဲ့ရပါတယ်။
2023-02-09
ရေဦးမြို့ ဇီးကန်ရွာမှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီး နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-02-09
ထန်တလန်မြို့ ရဲစခန်းကို ချင်းအမျိုးသားတပ်ဦး CNA တပ်နဲ့ CDF ထန်တလန် ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။
2023-02-08
မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကို ဖြိုခွဲဖို့နဲ့ လူထုကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးကို အသုံးချလာတာကြောင့် လူများစု ဗုဒ္ဓဘာသာအချင်းချင်းကြားမှာပါ စိတ်ဝမ်းကွဲလာတယ်လို့ မစ္စ ပရက်ဆီလာ ကလပ်က ပြောပါတယ်။
2023-02-08
ကပ္ပလီပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ လှေတွေနဲ့မျောပါနေခဲ့ကြတာကလည်း စိတ်မချမ်းမြေ့စရာ နောက်ထပ် ဖြစ်ရပ်တစ်ခုပါ။
2023-02-08
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ပဲခူးတို့က မြို့နယ် ၂၄ ခုမှာ စစ်တပ်က အချိန်ကန့်သတ်မိန့် ထပ်မံထုတ်ပြန်လိုက်ပါတယ်။
2023-02-08
ဒါးလက်ချောင်းအနောက်ရွာက အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။
2023-02-08
အကျဉ်းဦးစီးတာဝန်ရှိသူတွေကို အင်းစိန်ထောင်တွင်းအခြေအနေ တင်ပြခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူနှစ်ဦး နှစ်ပတ်တိုက်ပိတ်ခံထားရပါတယ်။