သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-14
အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ် ငန်းရှင်တွေကို လာမယ့် သြဂုတ်လကစပြီး အများဆုံး ငွေကျပ်သိန်းတစ်ထောင်အထိ ထုတ်ချေးပေးသွား မှာဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြည်သူ့လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။
2017-06-14
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတိုင်းအစိုးရကို ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေထဲက ကျပ်သန်း ၅၀၀ ကို မကွေးတိုင်း အစိုးရဘဏ်စာရင်းထဲ ဒီနေ့ လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။
2017-06-14
ဆွီဒင်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာ တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါအထူးကြပ်မတ်ဆောင်မှာ ဆေး ကုသမှုခံယူနေ တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့် ရှုအားပေးခဲ့ ပါတယ်။
2017-06-14
ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွှေနဲ့ ပယင်းမှော်တွေကနေ ထွက်ပြေးလာကြ တဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို မနေ့ညက ရောက်ရှိလာပါတယ်။
2017-06-14
မန္တလေးတိုင်းသေကြီး၊ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ အခြေချနေ ထိုင်နေကြတဲ့ အိမ်ထောင်စုစာရင်းတွေကို ကောက်ယူပြီး ဖယ်ရှားဖို့ မန္တလေးတိုင်း သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထား တယ်လို့ သိရပါတယ်။
2017-06-14
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ Renata Lok-Dessallien ရီနာတာ လော့က် ဒက်ဆဲလီယန်း ကို လက်ရှိရာထူးက ဖယ်ရှားလိုက်ပြီလို့ သတင်းရပါတယ်။
2017-06-14
သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့သား ဦးဟန်ညောင်ဝေ ဆိုသူကို မြန်မာအစိုးရက ဗီဇာသက်တမ်း တိုးမပေးတဲ့အတွက် ဇွန်လ ၉ ရက်နေ့မှာ မြန်မာပြည်က ထွက်ခွာခဲ့ရကြောင်း ရှမ်း သံတော်ဆင့်သတင်းဌာနက အင်္ဂါနေ့ မနေ့က ရေးသား လိုက်ပါတယ်။
2017-06-13
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ကျောက်စိမ်းမှော်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပိုင်း နန်စီပွန်ဈေးတန်းမှာ ကျောက်အရောင်းအ ဝယ်တွေကျဆင်းနေတယ်လို့ ကျောက်ကုန် သည်တွေက ပြောကြပါတယ်။
2017-06-13
မွန်ပြည်နယ်အတွင်း တရားမဝင် မြစ်သဲကျောက် ထုတ်လုပ်နေတာတွေကို အရေးယူတားမြစ်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ဇွန်လ (၁၃) ရက်နေ့ ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2017-06-13
ရှမ်းပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ "တောင်သူလယ်သမား၊ အလုပ် သမားနဲ့ လူငယ်ရေးရာ ကော်မတီ" ဟာ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေကို ပြည်နယ်အတွင်းမှာ ကွင်းဆင်း ဖြေရှင်းပေးနေပါတယ်။
2017-06-13
ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ မြန် မာနိုင်ငံမှာ သမိုင်းနဲ့ချီပြီး စွဲကပ်နေခဲ့တဲ့ အဂတိ လိုက်စားမှုဟာ ကင်ဆာရောဂါလို အမြစ်တွယ် ကြီး ထွားနေခဲ့တာပါ။ ဒီရောဂါဆိုးကို ကုသနိုင်ရေး အတွက် ကြိုးပမ်းကုစား နေရတာကလည်း ပင်ပန်း ခက်ခဲလှပါတယ်။
2017-06-13
လက်ရှိပြဌာန်းထားတဲ့ ပညာရေးမူဝါဒကြောင့် ဧရာဝတီတိုင်းမှာ အလယ်တန်းပညာဆက်သင်ဖို့ အခက်အခဲဖြစ်နေတဲ့ ကျောင်းသားတွေ အများအပြားရှိနေပါတယ်။
2017-06-13
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့တဲ့ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီက ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒ နယ် အမှတ် ၂ ကိုယ်စားလှယ် ဦးရှာမွေလရှဲန် ကို NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝဏ္ဏစိုးက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက် လွှာတင်ထားပါတယ်။
2017-06-13
ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသအတွင်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ ပိုင်လုပ်ကွက်မှာ ရေမဆေးကျောက်ရှာသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်သုံးသပ်နေပါတယ်။
2017-06-13
စင်္ကာပူနိုင်ငံရဲ့ အကြီးဆုံး ဘတ်စ်ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ SC Auto ဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ် နှံတော့မှာ ဖြစ်ပါတယ်။