သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-08
လားရှိုးမြို့နယ် အီနိုင်ကျေးရွာအုပ်စု မန်ပြိန်းကျေးရွာအနီးမှာ စိုက်ပျိုးလုပ်ဆောင်မယ့် ဧက ၃၀၀ စိုက်ပျိုးရေးစီမံကိန်းကို ကန့်ကွက်တဲ့ရွာသားတွေအပေါ် sspp ရှမ်းပြည်တပ်မတော်က အရာရှိ ဆိုသူက ဖိအားပေးြခိမ်းခြောက်လို့ မန်ပြိန်းရွာသားတွေဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာကြရာကနေ ဒီကနေ့ သူတို့ရွာကို ပြန်သွားကြပါပြီ။
2019-06-08
မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေတာကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ တားဆီးကာကွယ် စောင့်ရှောက်ရေး အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2019-06-08
တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုရဲ့ သဘောထားအပေါ် အခြေခံကာ SNLD ပါတီအနေနဲ့ မားမားမတ်မတ်ရပ် တည်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-06-08
မြန်မာ့တပ်မတော်နဲ့ AA နှစ်ဖွဲ့စလုံးက အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြီးခဲ့တဲ့ မေလက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-06-08
ဥရောပနိုင်ငံများအဖွဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Kristian Schmidt ခရစ်ရှန် ရှမစ်ဒ် က ဥရောပ ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာ အီးယူ စီးပွားရေးဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
2019-06-07
မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ Myanmar Investments International Ltd. မြန်မာရင်းနှီးမြှုပ်နှံမှု နိုင်ငံတကာကုမ္ပဏီ လီမိတက်က မြန်မာပြည်ရဲ့ လက်ရှိမရေမရာ အခြေအနေတွေကြောင့် တိုးချဲ့မြှုပ်နံှဖို့ မစဉ်းစားသေးဘဲ လက်ရှိလုပ်ငန်းတွေကိုပဲ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ မနေ့က ပြောကြားပါတယ်။
2019-06-07
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက် နှစ်နှစ်အောက် ကလေးမိခင်တွေကို လစဉ်ထောက်ပံ့ငွေ ပေးရေးအတွက် ကမ္ဘာ့ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူခွင့်ပြုဖို့ အစိုးရ တင်ပြ တာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။
2019-06-07
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင် ငါးသိန်းခန့်ကို လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်လည်နေရာချထားနိုင်မယ်လု့ိ ခန့်မှန်းထားတဲ့ အစီအရင်ခံစာ တစ်စောင်ကို ASEAN အာဆီယံအဖွဲ့ က မကြာခင် ထုတ်ပြန်ဖွယ်ရှိတယ်လို့ သောကြာနေ့ မနေ့က သတင်းရပါတယ်။
2019-06-07
အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတာကြောင့် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ကြပါတယ်။
2019-06-07
ရခိုင်ပြည်နယ်အတွင်းက ဒေသခံအများစု၊ အထူးသဖြင့် လူငယ်အများစုဟာ ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို စိတ်အားထက်သန်နေကြတာဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့လက္ခဏာမဟုတ်တာကြောင့် ထိန်းသိမ်းဆောင်ရွက်ဖို့သင့်ကြောင်း ပြောဆိုနေကြပါတယ်။
2019-06-07
တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲတွေမှာထိရောက်တဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့အင်အားကိုအသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါအသုံးပြုဖို့ သမ္မတရုံးက တပ်မတော် ကကကြည်းကိုညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2019-06-07
တပ်မတော်က တရားစွဲဆိုထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီကနေ့ တိုက်ကြီး တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်တို့က ရုံးပြောင်းဖို့ တင်ထားတဲ့အတွက်ဆိုပြီး တရားရုံးမှာ ဒီနေ့မှာ အမှုမစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပဲ ပြန်လည်းချိန်းဆိုလိုက်ပါတယ်။
2019-06-07
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-06-07
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ နိုင်ငံသား စိစစ်ရေးကဒ်- မှတ်ပုံတင်ပြုလုပ်ရာမှာ လူမျိူးရေး ဘာသာရေး ခွဲခြားမှုတွေ ရှိနေပါတယ်။
2019-06-07
မြန်မာ့စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားထားပေမယ့် တပ်မတော်က အများစု ချုပ်ကိုင်ထားတဲ့ မြန်မာ့ စီးပွားရေးလောကအတွက် ဒါဟာ တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား။