သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-05
ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီဝုန်းရွာအနီးကို တပ်မတော်က မနေ့က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ရွာခံတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ရွာသားတွေက ပြောပါတယ်။
2020-03-05
တိုင်းပြည်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို အုပ်ချုပ်ရေးအာဏာ လွှဲပေးရမယ်” ဆိုတဲ့ ပြဌာန်းချက်ကို ပြင်ဆင်တာဟာ၊ တပ်မ တော်ရဲ့လုပ်ပိုင်ခွင့်ကို ဖယ်ရှားချင်တာလားဆိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မေးခွန်းထုတ်သွားပါတယ်။
2020-03-05
ရန်ကုန်အခြေစိုက်Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေ က RFA ကို ဒီနေ့ မတ်လ ၅ ရက်နေ့မှာ အတည်ပြုပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ BGF ခေါင်းဆောင်က ပြန်လွှတ်ပေးမယ်ပြောပါတယ်။ ညနေ ၆ နာရီ ၄၀ မှာတော့ ပြန်လွှတ်လိုက်ပြီလို့ Frontier Myanmar က ထုတ်ပြန်ပါတယ်။
2020-03-05
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေးအစီအစဉ်မှာ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ-ကာလုံ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါသလဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာပါ။
2020-03-05
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... ပြည်သူ့လွှတ်တော် မိခင်နဲ့ကလေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်ကို RFA သတင်းထောက် မသက်စုအောင်က သီးသန့်တွေ့ဆုံမေးမြန်း ထားပါတယ်။
2020-03-05
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ပါမောက္ခဝီလီယံ ရှဘတ်စ် William Schabas ဟာ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောမှု တစ်ခု ဒီနေ့ မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
2020-03-05
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် နော်ဘက်တီဟန် ဟာ ကရင်ပြည်နယ်အတွင်း ဖမ်းဆီးခံရတယ်လို့ Frontier မဂ္ဂဇင်းရဲ့ အမှုဆောင် အရာရှိချုပ် ဦးဆန်နီဆွေက RFA ကို ဒီမနက်မှာ အတည်ပြုပါတယ်။
2020-03-04
မှော်ဘီ၊ မြောင်းတကာသံမဏိသက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ အကူအညီတောင်းခံမှုကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ဖြေရှင်း ပေးသွားမယ်လို့ NLD ပါတီတာဝန်ရှိသူက ပြောကြားလိုက်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
2020-03-04
ရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာ အရပ်သားတွေ မထိခိုက်အောင်ဆောင်ရွက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မြန်မာ့တပ်မတော်ကိုရော ရခိုင့်တပ်တော် AA ကိုပါ ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-03-04
အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားရင် စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အမတ်တွေက ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။
2020-03-04
အချိန်တစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ အိုးအိမ်တွေ ပျက်စီးတာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး အကာအကွယ်မဲ့နေဆဲ ဖြစ်ပါတယ်။
2020-03-04
ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့က အဆင့်မြင့်ပညာရေး သင်ကြားပို့ချမှုတွေ ရှိလာနေလို့ ကချင်လူငယ်တွေအတွက် ရွေးချယ်စရာပညာရေး အခွင့်အလမ်းသစ်တစ်ခု တိုးလာနေပါတယ်။
2020-03-04
တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီးဖြစ်နေခဲ့တာပါ။ အခုနောက်ပိုင်းမှာ ပိုပြီးပြင်းထန်လာနေပြီး ပလက်ဝဒေသခံ ချင်းတိုင်းရင်းသားတချို့နဲ့ ချင်းပြည်နယ်ဝန်ကြီးတချို့ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်လာနေပါတယ်။ ဒီအခြေအနေတွေက နယ်မြေချင်းထိစပ်နေတဲ့ ချင်းနဲ့ ရခိုင်အကြား နားလည်မှုလွဲစရာတွေကို ဖန်တီးသလိုလည်းဖြစ်နေပါတယ်။
2020-03-03
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြု ထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်း (Covid-19) ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်တဲ့နည်းလမ်း ခြောက်ခုကို RFA က တင်ဆက်ပေးသွားပါမယ်။
2020-03-03
အခု လွှတ်တော်မှာ ဆွေးနွေးဖို့ရှိနေတဲ့ အမျိုးသမီးများ အကြမ်းဖက်မှုကနေ ကာကွယ်ရေးဥပဒေမူကြမ်းဟာ ပြင်ဆင် ဖြတ်တောက်ထားတာတွေများလို့ အားပျော့သွားပေမယ့် အမျိုးသမီးထုအတွက် အရင်ကထက်စာရင်တော့ ပိုအကာအကွယ်ပေးလာနိုင်မယ်လို့ထင်တယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူ မခင်လေးက ပြောလိုက်ပါတယ်။