သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-13
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှာ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်မထားတဲ့ ရန်ကုန်လိုင်စင်တက္ကစီတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ဖို့နဲ့ ပျက်ကွက်ရင် လာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့ကစပြီး အရေးယူသွားမယ်လို့ YRTA က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-11-13
ဖားကန့်ဒေသမှာ ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပဋိပက္ခတွေအပါအဝင် နယ်မြေအေးချမ်းတည်ငြိမ်ရေး မဆောင်ရွက်နိုင်တာဟာ ငြိမ်းချမ်းရေးမရတာကြောင့်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဒီနေ့ ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ် ဂွ-သံတွဲ နဲ့ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းတို့ကို ဆက်သွယ်ဖောက်လုပ် ထားတဲ့ ပြည်ထောင်စုလမ်းမကြီးရဲ့ လမ်းနယ်နမိတ်နဲ့ မလွတ်ကင်းတာကြောင့် ဖယ်ရှားပေး ရမယ့် နေအိမ်တွေ၊ ဥယျာဉ်ခြံပိုင်ရှင်တွေအနေနဲ့ နစ်နာတယ်ဆိုရင် တင်ပြနိုင်ကြောင်း ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ဒီနေ့ ပြောပါတယ်။
2017-11-13
ဆရာတော်ဦးဝီရသူကို တရားပြန်လည်ဟောခွင့်ပြုဖို့ လျှောက်ထားမှုကို ခွင့်မပြုကြောင်း လာမယ့်တစ်ပတ်အတွင်း တိုင်းသံဃမဟာနာယကအဖွဲ့ကတဆင့် အကြောင်းပြန်သွားမယ်လို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ဒီနေ့ ပြောပါတယ်။
2017-11-13
ကေအိုင်အေနဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြသူတွေ တရားဝင်နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ ပါဝင်ဆောင်ရွက်မှု အားနည်းနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်နေသူတွေက ဒီနေ့ ပြောပါတယ်။
2017-11-13
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်စဉ်တွေ ပေါ် ထွန်းရေးဟာ တိုင်းပြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2017-11-13
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးကိုတင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှု ဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။
2017-11-13
မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
2017-11-13
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဒီကနေ့ တာမွေမြို့နယ်က ဟစ်တိုင်ကွင်းမှာ လူဦးရေ ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြ ပါတယ်။
2017-11-13
မကြာမီ ကျင်းပတော့မယ့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-11-12
ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သံဃာ ၃ပါးထဲက မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို ဒီနေ့နေလည်ပိုင်းမှာ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လူဝတ်လဲလိုက်ပါတယ်။
2017-11-12
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ UWSA ၀ အဖွဲ့ဟာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မိုင်းလားအဖွဲ့ NDAA နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2017-11-12
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ၁၂ ရက်ကြာအောင် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2017-11-12
ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး တားမြစ်သွားမယ်လို့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ မနေ့က ပြုလုပ်တဲ့ နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-11-12
အုပ်စုချင်း အသိုင်းအဝိုင်းကြားချင်း ပဋိပက္ခ၊ ဦးနှောက်ယိုစီးမှုနဲ့ နိုင်ငံသူနိုင်ငံသား ပြည်ပထွက်သွားမှု၊ စီးပွားရေးမညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ လုံခြုံရေး အခြေအနေစတာတွေနဲ့ နိုင်ငံတစ်နိုင်ငံ အောင်မြင်နေသလား ဆုံးရှုံးနေသလားဆိုတာ တိုင်းတာလေ့ရှိပါတယ်။