သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-13
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y – 8 မှာ လိုက်ပါသွားသူ ၁၂၂ ဦးထဲက ဒီနေ့အထိ ရုပ်အလောင်း ၈၆လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိထားတယ်လို့ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2017-06-13
မွန်ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ကျောင်းသားလူငယ်တွေအထိ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်နေတာကြောင့် ထိရောက်တဲ့နည်းလမ်းတွေနဲ့ အလေးထားစီမံဆောင် ရွက်ပေးဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ မွန်ပြည်နယ် လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-06-13
ကျူးကျော်တဲတွေ လာရောက်ဖယ်ရှားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ပြီး လေးခွနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဖမ်းဆီးခံရထားတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာ အုပ်စု အမြန်လမ်းဘေး ၃ မိုင် ၄ ဖာလုံကနေ ၅ မိုင်ဝန်းကျင် မှာ နေထိုင်သူတွေထဲက ၅ဦးကို အမြန်လမ်းဥပဒေနဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
2017-06-13
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကို ဖျက်သိမ်းဖို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားထားပေ မယ့် မဘသအဖွဲ့ဟာ ဥပဒေနဲ့ ညီတဲ့အတွက် ကရင်ပြည်နယ် မဘသ အဖွဲ့က မူလနာမည်အတိုင်း ဆက်လက်အသုံးပြု သွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-06-13
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ နဲ့ မကျန်ခမှော်လုပ် ကွက်တွေအတွင်း ကျူးကျော် ဝင်ရောက်နေတဲ့ ရေမဆေး လုပ်သားတွေကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှား ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် အသိပေး ထားပေမယ့် အခိုင်အမာအိမ် တည်ဆောက်ထားသူတွေ နဲ့ ကျောက်ပွဲစားတွေ မထွက်ခွာဘဲ ကျန်ရှိနေသေးတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။
2017-06-12
ပညာရေးကောလိပ်၊ အထက်တန်းနဲ့ အလယ်တန်း ပညာရေး သင်ရိုးညွှန်းတမ်းတွေမှာ "မျိုးဆက်ပွား ကျန်းမာရေး၊ ပြည်သူ့နီတိနဲ့၊ ဒီမိုကရေစီ" တို့ကို ဘာ သာရပ်တွေအဖြစ် မိတ်ဆက်သင်ကြားပေးရုံမက လက်ခံ ကျင့်သုံးဖို့ စီမံဆောင်ရွက်စေလိုကြောင်း ဇွန် လ ၁၂ရက်နေ့က အမျိုးသားလွှတ်တော်မှာ အဆို တင်သွင်းတဲ့ NLD ကိုယ်စားလှယ်က ဒီအဆိုကို မှတ်တမ်းမတင်စေချင်ပေမယ့် အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ရပါတယ် ဆိုပြီး လွှတ်တော်မှာ ပြောခဲ့ပါတယ်။
2017-06-12
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ အနီးမှာရှိတဲ့ Long Life Aggregate Mining ကုမ္ပဏီက အခုရက်ပိုင်းအတွင်း မိုင်းတွေခွဲနေတဲ့အတွက် မိုင်းကိုပိတ်သိမ်းပေးဖို့ ဒေသခံ ၃ ရာကျော်လောက် ဇွန်လ ၁၂ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-06-12
ရှမ်းပြည်နယ်လွှတ်တော်နဲ့ ရှမ်းပြည်နယ် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ အကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-06-12
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ငါးထပ်ကြီး-တောင်ရပ်ကွက် အပါအဝင် ရပ်ကွက်သုံးခုမှာနေထိုင်တဲ့ အိမ်ထောင်စု ၄ ရာကျော်ကို ကျူးကျော်တွေအဖြစ် သတ်မှတ်ပြီး ကျူးကျော်အိမ်ထောင်စု သက်သေခံ ကတ်ပြားတွေ ဒီနေ့ထုတ်ပေးရာမှာ အများစုက ကတ်ပြားထုတ်ယူတာ မရှိဘူးလို့ သိရပါတယ်။
2017-06-12
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု အမြန်လမ်းဘေးက အိမ်ခြေ ၄ ထောင်လောက်ကို ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ပြီး တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ စတင်ဖြိုဖျက်နေပါတယ်။
2017-06-12
ဒီနှစ်မိုးတွင်းကာလမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းဟာ ကပ်ရောဂါအသွင်ဆောင်တဲ့ အနေအထားမျိုး မရောက်အောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီမံချက်အနေနဲ့ တစ်ပြည်လုံးမှာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
2017-06-12
ကျူးကျော်နေအိမ်တွေဆိုရင် စတည်ကတည်းက ဖျက်သင့်ပြီး၊ အခုလိုဖျက်တာ နောက်တောင်ကျနေ တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
2017-06-12
ကျုးကျော်နေအိမ်တွေကို အင်အားသုံး ဖြိုဖျက်နေတာ ဟာ ပြဿနာကို စနစ်ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး လို့ ထောက်ပြနေကြပါတယ်။
2017-06-12
ဆွီဒင်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ဆွီဒင်ဝန်ကြီးချုပ် Stefan Löfven နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆွီဒင်အစိုးရ ကနဦး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2017-06-12
အမျိုးသားရေးလှုပ်ရှားသူတွေက တိုင်းပြည် လုံခြုံရေးနဲ့ အမျိုးသားရေးအတွက် ဘာကြောင့် စိတ်ပူပန်နေကြတယ်ဆိုတာကို အစိုးရက သိရှိအောင်ပြုလုပ်ပြီး ဖြေရှင်းပေးသင့်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့် က ပြောပါတယ်။