သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-13
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာထဲကိုလက်နက်ကြီး ကျခဲ့ပြီး အရပ်သားလေးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2017-08-13
ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့က ဘန်ကောက်မြို့အနီး အိမ်တစ်အိမ်ကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
2017-08-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ၊ အသက် (၉၉) နှစ်ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၃ရက်၊ တနင်္ဂနွေနေ့ည ၉ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
2017-08-13
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးအတွက် မြို့နယ် ၁၅ ခုမှာ ဒေသခံတွေ၊ သံဃာတွေ၊ နိုင်ငံရေးပါတီတွေက ဒီနေ့ တပြိုင်တည်း ပူးပေါင်းဆန္ဒပြကြပါတယ်။
2017-08-13
မန္တလေးမြို့ မီးပွိုင့်လမ်းဆုံတွေမှာ တောင်းရမ်းနေတဲ့ ကလေးလူကြီး စုစုပေါင်းအယောက် ၅၀ ကျော်ကို ၃ ရက်အတွင်း ဖမ်းဆီးထိန်းသိမ်းပြီး လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ရဲစခန်းတွေကို ပို့ဆောင်ပေးခဲ့တယ်လို့မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
2017-08-13
စစ်ကိုင်းတိုင်းဒေသကြီးမှာ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ရောဂါပိုး တွေ့ရှိထားသူတွေလည်း ရှိနေတာကြောင့် တိုင်းအစိုးရအဖွဲ့က အဝါရောင်အဆင့်သတ်မှတ်ပြီး အသိပညာပေးလုပ်ငန်းတွေကို ကြပ်ကြပ် မတ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2017-08-13
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှာ သုတ်သင်ရှင်း လင်းခဲ့တဲ့ ကြက် အကောင်ရေ ၃ သောင်းလောက်ကို ဆုံးရှုံးခဲ့တဲ့ မွေးမြူရေး သမားတွေအတွက် တစ်စုံတစ်ရာ ကူညီမှု ရရှိအောင် နိုင်ငံတော်သမ္မတထံ တင်ပြသွားမယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက ပြောပါတယ်။
2017-08-13
နိုင်ငံရဲ့ လုံခြုံရေးပြဿနာကို အစိုးရကို ကူညီဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးမှာ တပ်မတော် ပါဝင်နေတာဖြစ် တယ်လို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ ပြည်တွင်း ပြည်ပဆက်ဆံရေးဌာန၊ ဌာနမှူး ဗိုလ်မှူးကြီး အောင်မြင့်ဦး က ပြောပါတယ်။
2017-08-13
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLAတို့ ဒီနေ့မနက်အစောပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲကြောင့် ရွာထဲကိုလက်နက် ကြီး ကျရောက်ပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2017-08-13
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသမှာ ဧရာဝတီမြစ်ရေကြီးလာတာကြောင့် တာလောကြီး၊ စံကင်း၊ ခေါင်းဖူး စတဲ့ ရွာတွေက ပြောင်းဖူး စိုက်ဧက နှစ်ထောင်လောက် ရေနစ်မြုပ် ပျက်စီးသွားပါတယ်။
2017-08-13
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မိုင်းနင်းရွာဟောင်းဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က အစိုးရတပ်နဲ့ RCSS /SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီတို့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး ဟိုပုံးမြို့နယ်ရဲစခန်းမှာ နမ်းခုတ်ရွာသား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ကျေးရွာဆရာတော်က မိန့်ပါတယ်။
2017-08-13
ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ပြည်နယ်လုံခြုံရေးအတွက် ဒီကနေ့ တပြိုင်တည်းဆန္ဒပြပွဲတွေ ပြုလုပ်နေရာမှာ စစ်တွေမြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲအတွက် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးန့ဲ ဖွံ့ဖြိုးရေးပါတီက ငွေကျပ် ၁၀ သိန်း ထောက်ပံ့လှူဒါန်းပြီး လူအင်အားပါ ပူးပေါင်းပါဝင်ထားတယ်လို့ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဒေါက်တာစန်းရွှေ က ပြောပါတယ်။
2017-08-12
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မတည် ငြိမ်မှုတွေ ဖြစ်နေတာကြောင့် ကျေးရွာအုပ်စုပေါင်း ၁၁ ခုမှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် ပါတယ်။
2017-08-12
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုတ်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ မနေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ကဆုတ်ကျေးရွာက ဒေသခံ ၆၀၀ ကျော်ဟာ ရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။
2017-08-12
သြဂုတ်လ ၅ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "H1N1 အကြောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာသန်းစိန် (ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း) ၊ ဒေါက်တာဝင်းလွင် (ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ် ပါတယ်။