သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-03
မကြာသေးခင်က သံလွင်မြစ်ရေကြီးခဲ့လို့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ဒုက္ခသည်စခန်းတစ်ခုနဲ့ ကျေးရွာတချို့က နေအိမ်တွေ ရေနစ်မြှုပ်ပျက်စီးသွားခဲ့လို့ ကရင်အရပ်ဖက် အဖွဲ့ အစည်းတွေက ကူညီနေပါတယ်။
2020-09-03
မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုဘဝကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရေး အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
2020-09-03
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ဘက်က အင်အားတိုးချဲ့တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စွပ်စွဲလိုက်ပါတယ်။
2020-09-03
နေပြည်တော်ကို ဝင်လာမယ့်သူ အားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့်၊ ဆေးစစ်ပြီး ဗိုင်းရပ်စ်ပိုးမတွေ့မှ အဝင်ခံမယ်လို့ နေပြည်တော်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့မှာ စာထုတ်ပြီး၊ ချက်ချင်း အရေးယူ ဆောင်ရွက်နေတဲ့အတွက် နေပြည်တော်အဝင်ဂိတ်မှာ ခရီးသွားတွေ အခက်တွေ့နေကြပါတယ်။
2020-09-03
ရှမ်းပြည်နယ်အတွင်း မဲပေးနိုင်သူစာရင်း ထုတ်ပြန်ထားပေမယ့် မဲဆန္ဒရှင် ၇ သိန်းကျော်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်တွေကို မဖော်ပြနိုင်ခဲ့ဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
2020-09-03
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတရုံးက တာဝန်ကနေ ရပ်စဲကြောင်း အကြောင်းကြားစာ ပို့လာတယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက RFA ကို ဒီနေ့ ပြောပါတယ်။
2020-09-03
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၊ မန္တလေးတိုင်း ချမ်းမြသာစည်မြို့၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့နဲ့ ပြည်ပရောက် RFA ပရိသတ်တွေ ရေးသားပေးပို့လာတဲ့စာတွေနဲ့ ဆက်သွယ် ပြောလာတာတွေကို RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
2020-09-03
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာတော့ ... လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချို ကို RFA ဝိုင်းတော်သူ မအေးအေးမွန်ကပဲ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2020-09-03
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ "၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲစကားဝိုင်း ဒုတိယပိုင်းကို ရှူစားကြရမှာပါ။
2020-09-02
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ကိုဗစ်အလွန် နှစ်နိုင်ငံ အကျိုးတူကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့တရုတ် ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ် ထိပ်တန်းအရာရှိတစ်ဦး မြန်မာပြည်သွားရောက်တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တချို့ကို တင်ပြထားပါတယ်။
2020-09-02
အထက်မြန်မာပြည်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က သူတို့အဖွဲ့ဝင်တချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ဗကသများအဖွဲ့ချုပ် နာမည်ကို အလွဲသုံးခဲ့တယ်လို့ ပြောဆိုလိုက်ပြီး၊ သမဂ္ဂဝင်အဖြစ်ကနေ ထုတ်လိုက်တယ်လို့ မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-09-02
၂၀၂၀-ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ကိုယ်စား လှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်တာဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အတည်ပြုပြောဆိုပါတယ်။
2020-09-02
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်ပြန့်ပွားလာနေတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ခေါ်တာ ရွှေ့ဆိုင်းဖို့ ထိုင်းကျန်းမာရေး ဝန်ကြီးက တောင်းဆိုတာတွေ လုပ်နေပြီး နယ်စပ်လုံခြုံရေးတင်းကျပ်မှုတွေလည်း လုပ်နေပါတယ်။
2020-09-02
ရခိုင်တစ်ပြည်နယ်လုံးမှာဆိုရင်တော့ ပိုးတွေ့လူနာ (၄၄၇) ဦးအထိရှိသွားပြီးဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့သူဦးရေ တနေ့တခြားတိုးလာနေဆဲပါ။
2020-09-02
မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ရန်ကျဲ့ချိဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။