သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-22
တရားဥပဒေ ထိန်းသိမ်းရေးဟာ အုပ်ချုပ်သူတွေဘက်မှာတင် မဟုတ်ပဲ ပြည်သူလူထုမှာလည်း တာဝန်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
2013-03-22
မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့ တဲ့ အဓိကရုဏ်းအတွင်း လူ ၁၀ ဦးသေဆုံး ခဲ့ပြီး၊ ဒဏ်ရာနှင့် ဆေးရုံတက်ရောက်ကုသနေရသူ ၂၅ ဦး ရှိတယ်လို့ မိတ္ထီလာဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။
2013-03-22
မိတ္တီလာအပါအဝင် ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်တွေမှာ သမ္မတဦးသိန်းစိန် အမိန့်နဲ့ ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ်ကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
2013-03-22
မြန်မာအစိုးရအနေနဲ့ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အများအပြားရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မနေ့က ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
2013-03-22
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပင်လုံကဲ့သို ညီလာခံကြီးတရပ်ကျင်းပပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်တခု ရေးဆွဲ သင့်ကြောင်း မနေ့ကလာရှိုးမြို့မှာ ဆက်လက်ကျင်းပတဲ့ အဖွဲ့အစည်း ပေါင်းစုံတက်ရောက်နေတဲ့ ရှမ်းပြည်နယ် ကယားပြည်နယ်အတွင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မူ တည်ဆောက်ရေးဆွေးနွေးပွဲမှာ ဆွေးနွေးသွားပါတယ်။
2013-03-22
မိတ္ထီလာမြို့က အဓိကရုဏ်းမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး မိသားစုလိုက် အိုးအိမ်စွန့်ခွာ ထွက်လာကြတဲ့ မူစလင်တွေကို ကျောင်းသား၊ ပြည်သူ နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က စောင့်ရှောက်ကူညီပြီး ခရိုင်အားကစားကွင်းမှာ ယာယီနေရာချပေးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
2013-03-21
လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲမှု မှာ ဒဏ်ရာရခဲ့လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မောင်းဂွတ် ဘုရင့်စစ်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကစပြီး ရက်ပေါင်း ၁၀၀ နီးပါး ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော် ဦးတိက္ခဉာဏကို ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါ တယ်။
2013-03-21
ကိုမင်းကိုနိုင်က မြန်မာနိုင်ငံ အသွင် ကူးပြောင်းဆဲကာလမှာ လမ်းကြောင်း လွဲစေတဲ့ ဒီလိုပရိယာယ်၊ အပြုအမူတွေကို နားလည်ဖို့ လိုတဲ့အကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
2013-03-21
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ မနေ့ကစတင်ဖြစ်ခဲ့တဲ့ အဓိကရုဏ်းမှာ သံဃာတစ်ပါးအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
2013-03-21
လက်ရှိမြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အများပြည်သူတွေ ခေါင်းအေးအေးနဲ့ စဉ်းစားဆင်ခြင်သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ ရွှေဝါရောင်သံဃာတော်တွေက ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
2013-03-21
မနေ့က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေလိုမျိုး မြန်မာနိုင်ငံရဲ့ တစ်ခြားသောဒေသများမှာ ဖြစ်ပေါ်လာပါက အမြန်ဖြေရှင်းနိုင်ဖို့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့များကို အသင့်စုဖွဲ့ထားပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးထွန်းမင်းက RFA ကိုပြောပါတယ်။
2013-03-21
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက် ပိုင်း နစကနယ်မြေအမှတ် ၂ မှာ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကနေ ကျူးကျော်ဝင်ရောက်လာသူ ၄ ဦးကို သေနတ်တစ်လက်နဲ့ ကျည်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2013-03-21
မနေ့က မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကြောင်းရင်းခံ ဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေး ကိစ္စတွေနဲ့ ရှုမြင်တဲ့အတွက် နိုင်ငံတော်ရဲ့အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူ ဆရာတော် အရှင်ဉာဏိသရက ဒီကနေ့ RFA ကို မိန့်ကြား ပါတယ်။
2013-03-21
မနေ့က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုမှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတယ်။
2013-03-21
ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီး အခြေချနေထိုင်မယ့် နေရာတွေအနီးမှာ မြေမြှုပ်မိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက်စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက် ပါတယ်။