သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-07
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် ရုပ်အလောင်း ကို မော်လမြိုင်ဆေးရုံကနေ ပြန်လည်သယ်ဆောင်ပြီး ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဒီနေ့ညနေပိုင်းက ဂူသွင်း သြင်္ဂိုဟ်ခဲ့ပါတယ်။
2014-11-07
မြန်မာသံတော်ဆင့်ဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးကို ပြန်ကြားရေး ဝန်ကြီးဌာနက ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့ အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေး သားမှုနဲ့ နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ အမှုဖွင့်လိုက်ပါတယ်။
2014-11-07
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးမှာ မနေ့က တူးဖော်ခဲ့ပါတယ်။
2014-11-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေနဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ညနေက တွေ့ဆုံပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2014-11-07
ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပါတယ်။
2014-11-07
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကဗျာဆရာ၊ ပန်းချီဆရာ စန်းဇော်ထွေးဟာ စွန့်ပစ်ပလပ်စတစ်အိတ်ခွံတွေနဲ့ Recycled Art တွေ ဖန်တီးရေးဆွဲခဲ့တဲ့ ပန်းချီကားနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက လန်ဒန်အခြေစိုက် Artraker ၂၀၁၄ ရဲ့ အမြင့်ဆုံးဆုကို ရရှိခဲ့ပါတယ်
2014-11-07
အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာအနီးမှာ မနေ့က တူးဖော်ခဲ့ပါတယ်။
2014-11-07
ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးအပေါ် စွဲချက်တင်မတင် အစိုးရရှေ့နေတွေက တစ်လအတွင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။
2014-11-06
တရုတ်ဝန်ကြီးချုပ် လီခတ်ချန်းဟာ အရှေ့အာရှ ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာနိုင်ငံကို သွားရောက်ရာ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အစီအစဉ်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး လျူကျင်မင်းက ပြော ဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
2014-11-06
မြန်မာနိုင်ငံမှာ ၂ဝဝ၅ ခုနှစ်ကနေ၂ဝဝ၈ ခုနှစ် အထိ လေး နှစ်အတွင်း ကရင်ပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထိုးစစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိကြီးတချို့မှာ တာဝန် ရှိကြောင်း အမေရိကန်ပြည်ထောင်စု ဟားဘတ်တက္ကသိုလ် က ထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက် ပါတယ်။
2014-11-06
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာန မှာ နိုဝင်ဘာလ ၆ ရက်ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2014-11-06
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ အစီအစဉ်အရ လိပ်ကျွန်းလူသတ်မှုနဲ့မှာ စွပ်စွဲခံရတဲ့ လူငယ် ၂ ဦးရဲ့မိဘတွေကို မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဦးကျော်သောင်းကို မြန်မာလေဆိပ် အာဏာပိုင်တွေက ထွက်ခွာခွင့် ခေတ္တပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
2014-11-06
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာ သိမ်းဆည်း ခံထားရတဲ့ မြေယာအမှုတွေကို ဖြေရှင်းဖို့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ကေအဲန်ယူ မြေယာဖြေ ရှင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
2014-11-06
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပနေ တဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ရာသီဥ တုဆိုးဝါးနေတာကြောင့် ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။
2014-11-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့ပေါ်က မွတ်စလင် ၃ ဦးကို စစ်ဆေးနေရာမှာ မနေ့ကစတင်ပြီး မြို့ပေါ် အမှတ် ၇ ရက် ကွက်က နောက်ထပ် မွတ်စလင် ၁ ဦးကို ခေါ်ယူစစ်ဆေးနေ တယ်လို့သိရပါတယ်။