သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-07
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုတာ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေလိုတဲ့ အတွက် ပြင်ဆင်ချင်တာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
2014-06-07
၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း နှစ် ၄ဝ ပြည့် နှစ်ပတ်လည်နေ့နဲ့ (၇၄- ၇၅- ၇၆) ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က တောင်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-07
မကွေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း) ပူးတွဲပြီး အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ပြုလုပ်မယ့်နေရာအတွက် ရပ်ကွက် အုပ်ချုပ် ရေးမှူးက ခွင့်ပြုခဲ့ပေမဲ့ ဒီကနေ့မှာတော့ ခွင့်မပြုကြောင်း ဆိုင်းဘုဒ်တခုကို စိုက်ထူထားပါတယ်။ ဒီအကြောင်း မကွေးမြို့က RFA သတင်းထောက်ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2014-06-07
စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာ၊ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံကနေ အလုပ် ထုတ်ခံရပြီး ရှမ်းကန်ကျေးရွာမှာ ယာယီစခန်းချ နေထိုင်နေတဲ့ အလုပ်သမားတွေဟာ ဒီကနေ့ မန္တလေးမြို့ကို ဆန္ဒပြဖို့အသွား၊ မြို့အထွက်မှာ အာဏာပိုင်တွေက တားဆီးခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-06-07
ရခိုင်ပြည်နယ်က ပွဲလမ်းသဘင်တွေမှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ "ကျင်" အားကစားပွဲ ဟာ ရှေး ရခိုင်ဘုရင်အဆက်ဆက် ကတည်းက ပြုလုပ်ခဲ့တဲ့ အားကစားနည်း တခုဖြစ်ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-06-06
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ စစ်တပ်က နှစ်ပေါင်းများစွာ သိမ်းယူထားခဲ့တဲ့ လယ်မြေတွေ မှာ ဒီနေ့ ညောင်ဝန်းကျေးရွာ လယ်သမားတွေက ဝင်ရောက် ထွန်ယက်ခဲ့ကြပါတယ်။
2014-06-06
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မြို့နယ် ဒါးကကျေးရွာမှာ ဧရာရွှေဝါကုမ္ပဏီ က သိမ်းယူထားတဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော် ပြန်ပေး ဖို့ ဒီနေ့ ပုသိမ်မြို့မှာ လယ်သမား ၅၀ လောက်က ဆန္ဒပြ တောင်းဆိုကြပါတယ်။
2014-06-06
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာက ရွာဦးကျောင်းမှာ ခိုလှုံနေတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ သူတို့ရင်ဆိုင်နေရ တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို ချီတက်လာစဉ် စဉ့်ကိုင်မြို့အထွက်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့အတွက် အဲ့ဒီနေရာ မှာပဲ ယာယီသပိတ်စခန်း ဖွင့်လှစ်ခဲ့ကြပါတယ်။
2014-06-06
ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ကွတ်ခိုင် မြို့နယ်အတွင်း ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တို့ရဲ့ ရင်ဆိုင် တိုက်ပွဲမှာ အစိုးရဘက်က တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ကျဆုံးကြောင်း တအာင်း လွတ်မြောက်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
2014-06-06
၁၉၇၄ ၊ ၇၅ နဲ့ ၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့ တဲ့ ကျောင်းသားလှုပ်ရှားမှုနဲ့ အလုပ်သမား အရေးအခင်းမှာ ပါဝင်ခဲ့သူတွေက ဒီနေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမမှာ နှစ် ၄၀ ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ပါ တယ်။
2014-06-06
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဗုံးခွဲ လုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေ အတွက် အောက်မေ့သတိရဖွယ် ကျောက်တိုင်ဖွင့်ပွဲ အခမ်း အနားကို ဒီနေ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung Se တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။
2014-06-06
အစိုးရ နဲ့ တိုင်းရင်းသား အလက်နက်ကိုင် ဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေ ပြီ ဖြစ်တာကြောင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် သူတွေလို့ ယူဆရသူတွေကို ဖမ်းဆီးထောင်ချလေ့ ရှိတဲ့ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက်ပေးဖို့ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS/ SSA အဖွဲ့ ကိုယ်စား လှယ်တွေက တောင်းဆိုလိုက်ပါတယ်။
2014-06-06
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့စီမံ ခန့်ခွဲမှု ပြုပြင်ပြောင်း လဲရေးမှာ ပိုမိုပံ့ပိုး ကူညီမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယုန်ဗြောင်ဆီ ကမနေ့ကပြော လိုက်ပါတယ်။
2014-06-06
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က သေ ဆုံးသွားတဲ့ တပ်သားဆီက သိမ်းဆည်း ထားတဲ့လက်နက်တွေကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က မနေ့က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
2014-06-06
၁၉၇၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ အလုပ်သမားသပိတ် အပါအဝင် ဦးသန့်အရေးအခင်း၊ ကျောင်းသားသပိတ်နဲ့ မှိုင်းရာပြည့် အရေးအခင်းတွေအတွက် နှစ် ၄၀ မြောက် အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်နှင်းဆီ စားသောက်ဆိုင် မှာ ဒီနေ့မနက် ၉ နာရီခွဲမှာ စတင်ပြုလုပ်မယ်လို့ သိရပါ တယ်။