သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-10
ပဲခူးတိုင်း ဒေသကြီး ပြည်မြို့က မြေ လတ်ဒေသ သတင်းမီဒီယာသမားတွေ စုပေါင်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိရေးနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လက်ပတ်ဖြူလှုပ်ရှားမှုကို ဒီကနေ့ ပြည်မြို့က ဗိုလ်ချုပ် ကျောက်ရုပ်မှာ ပြုလုပ်ခဲ့ ကြပါတယ်။
2017-06-10
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန် မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-06-10
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရင်ဂါတီခရိုင် လောင်း ကဒူးဒေသမှာ သတ်ဖြတ်ခံခဲ့ရတဲ့ သက် (ခေါ်) သက္ကမ တိုင်းရင်းသားတွေအတွက် ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ သက္ကမတိုင်းရင်းသား ၁၅ဝ လောက်က ဒီကနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-06-10
ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့တဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် ပျက်ကျတယ်လို့ ယူဆ တဲ့ နေရာအနီးတဝိုက်မှာ နောက်ထပ် အထောက် အထားတွေ တွေ့ထားတဲ့အတွက် မကြာခင် လေ ယာဉ်ကို ရှာတွေ့မယ်လို့ ယူဆကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2017-06-10
ကချင်ပြည်နယ် တနိုင်းမြို့နယ်က ရွှေနဲ့ ပယင်းမှော်တွေတူးဖော်နေတဲ့ နေရာတွေကနေ ထွက်ပြေး ကြတဲ့ ကျေးရွာသားတွေရဲ့ စားဝတ်နေရေးအတွက် ဘယ်သူ က တာဝန်ယူမှာ လဲလို့ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူအဲဒီကိစ္စ ကို မသိရှိသေးကြောင်းနဲ့ ထွက်ပြေးနေသူတွေကို ကူညီရ မှာက လူကယ်ပြန်ဌာနဖြစ်ကြောင်း ပြော ပါတယ်။
2017-06-10
လွှတ်တော်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းဖို့အတွက် NLD ပါတီတွင်း စိစစ်ရေးကော်မတီကို တင်ပြရာမှာ ဒုတိယ အကြိမ်မြောက် ပယ်ချခံခဲ့ရတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က ပြောပါတယ်။
2017-06-10
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကြယ်ပွင့်ပြမေးခွန်းတချို့ကို ဝန်ကြီးဌာနတွေက သတ်မှတ်ချိန်အတွင်း လာရောက်ဖြေဆိုနိုင်တာ မရှိတဲ့အတွက် ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး ဆုံးရှုံးနေတယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေက ဝေဖန်နေကြပါတယ်။
2017-06-10
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ ပြင်ဆင်ရေးကို အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးဖို့ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်-ခေါ် စာရေးဆရာ ဝင်းထွဋ်ဇော်က ပါတီကိုတင်ပြရာမှာ ပါတီရဲ့ မေးခွန်းနဲ့အဆို စိစစ်ရေးကော်မတီက ဒုတိယအကြိမ် ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။
2017-06-10
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်းတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ခွဲဝေယူထားကြတဲ့ မြေယာတွေ ပြန်လည်ရရှိရေး အတွက် ဒေသခံတောင်သူတွေ ဇွန်လ ၉ ရက်နေ့မှာ ၄ ကြိမ်မြောက် ဆန္ဒပြခဲ့ကြပါတယ်။
2017-06-10
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-06-10
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ တနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်အပါဝင် တိုင်းအစိုးရအဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
2017-06-10
တပ်မတော်နဲ့အစိုးရကိုဝေဖန်တဲ့သတင်း မီဒီယာတွေ ကို ဖမ်းဆီးတရားစွဲတဲ့အခါ အသုံးပြုနေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင် ဖို့ဆောင်ရွက်နေပြီ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနတာဝန်ရှိသူ တဦးက နယူးယောက်မြို့ အခြေစိုက် CPJ သတင်းထောက်များကာ ကွယ်ရေးကော်မတီ ရဲ့ကိုယ်စား လှယ်အဖွဲ့ ကို ပြောကြားလိုက်တယ်လို့ သိရပါတယ်။
2017-06-09
အစ္စလာမ်မစ် အစွန်းရောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ISIS အဖွဲ့က ဥရောပတခွင်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအားလုံးလိုလိုမှာ သူတို့လုပ်ခဲ့ တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
2017-06-09
သတင်းသမားတွေ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အရေးယူခံနေတာနဲ့ ပတ်သက်လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် ထိခိုက်နေပြီလို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က သုံးသပ်လိုက်ပါတယ်၊၊ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေအပေါ် ဝန်ကြီးဟောင်း ဦးရဲထွဋ် ရဲ့ အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-06-09
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ခဲ့တဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန် မြောက် ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ၁၀ ကြိမ်မြောက် ရုံးထုတ်ရာ မှာတော့ တရားခံပြေးအမှုနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ တရားခံရှာဖွေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးပါတယ်။