သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-13
ကချင်ပြည်နယ်မှာ ၃ နှစ် အထက် ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောပါတယ်။
2016-08-13
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မြို့နယ် မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ် စက်ရုံဟာ စွန့်ပစ်အညစ်အကြေးတွေကို စနစ်တကျ စွန့်ထုတ်နေတာကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော် မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
2016-08-13
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ ဝက်သက်ရောဂါ အပါအဝင် ရောဂါ ၅ မျိုး ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ၆၅ ဦးသေဆုံးပြီး ၂ဝဝ ကျော်ကူးစက်ခံ ထားရတယ်လို့ နာဂအမျိုးသားရေးရာ ကောင်စီက ပြော ပါတယ်။
2016-08-13
နိုင်ငံတော်သမ္မတ ဖွဲ့စည်းလိုက်တဲ့ မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်အနေနဲ့ မြစ်ဆုံစီမံကိန်းတွေ ပြန်စသင့် မသင့်ဆိုတာကို ကွင်းဆင်းစစ်ဆေးတာတွေအပြင် ဒေသခံပြည်သူလူထုရဲ့ သဘောထားတွေကိုပါ တင်ပြသင့်တယ်လို့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက သုံးသပ်ပြောပါတယ်။
2016-08-13
နိုင်ငံတော်သမ္မတ ဖွဲ့စည်းလိုက်တဲ့ မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်အနေ နဲ့ မြစ်ဆုံစီမံကိန်းတွေ ပြန်စသင့် မသင့်ဆိုတာကို ကွင်းဆင်းစစ်ဆေးတာတွေအပြင် ဒေသခံပြည်သူလူထုရဲ့ သဘောထားတွေကိုပါ တင်ပြသင့်တယ်လို့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက သုံးသပ်ပြောပါတယ်။
2016-08-13
၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီနေ့ ရန်ကုန်မြို့အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ပြုလုပ်ကြပါတယ်။
2016-08-13
တရုတ်ပြည်ကနေ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက် တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်တားဆီးနိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးရမှသာ ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောပါတယ်။
2016-08-13
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆက်ပြီးလုပ်သင့် မသင့် လေ့လာသုံးသပ်ဖို့ ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေးကော်မရှင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော် က ဒီကနေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-08-13
အစိုးရသစ် လက်ထက်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းက တက္ကသိုလ်နည်းပြ ဆရာ၊ ဆရာမ ၂၇ဝဝ ကျော်ကို သြဂုတ်လ ၁၁ ရက်နေ့မှာ လက်ထောက်ကထိက ရာထူးတိုးပေးလိုက်ပါတယ်။
2016-08-13
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ရန်ကုန်မြို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-08-13
တစ်နိုင်ငံလုံးမှာရှိတဲ့ ကာတွန်းဆရာတွေစုပေါင်းရေးဆွဲထားတဲ့ ၂၀၁၆ ငြိမ်းချမ်းရေးကာတွန်းပြပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သြဂုတ်လ ၁၂ရက်နေ့ကစပြီး ၃ ရက်ကြာ ပြသမှာဖြစ်ပါတယ်။
2016-08-13
မန္တလေးတိုင်း ပုလိပ်မြို့က "ပန်ဒါ" ချည်မျှင်နဲ့အထည်စက်ရုံ အလုပ်သမား ၃ ရာကျော်ဟာ ၂ လ ကျော်ကြာ ထိုင်သပိတ်ဆင်နွှဲနေရာကနေ ဒီကနေ့ မန္တလေးမြို့ပေါ်မှာ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2016-08-13
၆၆ နှစ်မြောက်ကရင်အာဇာနည်နေ့အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလပို့ကျေးရွာ အုပ်စုမော်ချီးစုစည်းကျေးရွာ နှစ်ခြင်းခန်းမဆောင်မှာ ပထမဆုံးအကြိမ်အနေနဲ့ သြဂုတ်လ ၁၂ရက်နေ့က ကျင်းပခဲ့ ပါတယ်။
2016-08-13
ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရ သူတွေနဲ့ ထိုင်း- မြန်မာနယ်စပ်ကဒုက္ခ သည်တွေအတွက် ရေရှည်တည်တံ့ တဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်အားပေးမြှင့်တင်ဖို့တိုက်တွန်းထားတဲ့ “လူမသိသူမသိ ဘဝများ” လို့အမည်ပေးထား တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲကို ဘားမားလင့်ခ်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း (HURFOM) တို့က ပူးပေါင်းပြီး ရန်ကုန် မြို့Green Hill ဟိုတယ်မှာ သောကြာနေ့က ပြုလုပ်ခဲ့ ပါတယ်။
2016-08-12
မန္တလေးမှာဖွင့်လှစ်ထားတဲ့ ပန်ဒိုရာ အဆီချလုပ်ငန်းက အလုပ်သမားဟောင်း မဇာလီဝင်းကို ပိုင်ရှင်က တရားစွဲဆိုထားတဲ့ အမှုကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီနေ့ ရုပ်သိမ်း လိုက်ပါတယ်။