သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-11
မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦး အပါအဝင် ၆ ဦး ဟာ ဒီကနေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အာမခံ ထပ်ပြီး လျှောက်ထားပါတယ်။
2017-08-11
ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့တို့ဟာ UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက ၄ချက်ကို သဘောတူညီမှုရခဲ့ပါတယ်။
2017-08-11
တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် ရခိုင်ပြည်နယ်မှာ တပ်အင်အားတွေ တိုးမြှင့်ချထား လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း က ပြောပါတယ်။
2017-08-11
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဧည့်သည်တွေ လာရောက်နှုန်းဟာ တစ်နှစ်ကိုပျှမ်းမျှ တစ်သိန်းဝန်းကျင် တိုးလာတယ် လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
2017-08-11
ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်း၃၀ကျော် ကြိုးပမ်းခဲ့ခြင်းဟာ လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ကြ တဲ့ ခေါင်းဆောင်ကြီးတွေအပြင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ သာမန်ပြည်သူတွေ ရဲဘော်တွေ အပေါ် ကျေးဇူးသိသောအားဖြင့် ကြိုးပမ်းခဲ့ တာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
2017-08-11
ကချင်ပြည်နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၆ နှစ်ကျော်ကာလအတွင်း ပေါက်ကွဲမှုအကြိမ် ၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူကြီးက ပြောပါတယ်။
2017-08-10
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ နိုင် ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN တို့ရဲ့ (၆) ကြိမ်မြောက် ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲတွေအနေနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ ပါဝင်လာဖို့ အစိုးရက လိုလားနေတဲ့အပေါ် ငြိမ်းချမ်းရေး ကော်မရှင်က အဓိက ဆွေးနွေးဖြစ် တယ်လို့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
2017-08-10
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေဟာ နေပြည်တော်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2017-08-10
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်ထဲမှာ အခုလ ၈ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့တအာင်းပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ် ခေးခင် ကျေးရွာအုပ်စု အောက်မန်ဝဲရွာက ဒေသခံ ရွာသားတွေဟာ နမ္မတူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေကြပါတယ်။
2017-08-10
မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်လောက်ကနေ ၂၀၀၅ ခုနှစ်အထိကာလဟာ ကလေးစစ်သားစုဆောင်ခံရမှု အများဆုံးလို့ ပြောကြပါတယ်။ အခုအခါမှာတော့ တပ်မတော်က မိဘတွေထံ ပြန်အပ်နံှတဲ့ ကလေးစစ်သား အရေအတွက်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၃ နှစ်တာ ကာလအတွင်း ၁၄၀၀ လောက် ရှိသွားပြီလို့ သိရပါတယ်။
2017-08-10
အမျိုးသားလွှတ်တော်မှာ မကြာသေးခင်က အတည်ပြုထားတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကေ်ာမတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ဒီကနေ့ တင်သွင်းပါတယ်။
2017-08-10
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေပတ်သက်ပြီး လွှတ်တော်ကနေတဆင့် အစိုးရကို တင်ပြဖို့ ကြိုးပမ်းခဲ့ပေမယ့် တင်ပြခွင့်မရတာကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် လုပ်ပေးနိုင်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ ရခိုင်အမျိုး သားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
2017-08-10
ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် ဒီနေ့မှာ ၁ ဦး ထပ်မံသေဆုံးသွားပြီး ရောဂါပိုးကူးစက်ခံရ သူ ၁၁ ဦး ထပ်တိုးလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာသန်းထွန်းအောင်က ပြောပါတယ်။
2017-08-10
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့မှာ တပ်မတော်က ဒီလ ၅ ရက်ကနေစပြီး ဝင်ထွက်သွားလာခွင့် ပိတ်ထားရာကနေ ဒီကနေ့ မနက်မှာ ကားလမ်းကြောင်းတွေ ပြန်ဖွင့်ပေးလိုက် ပါတယ်။
2017-08-10
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးအနေအထားတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။